Part 54*

15.2K 965 21
                                    

ကျွန်တော် ငယ့်ကို လက်ထပ်ခွင့်တောင်းပြီးကတည်းက Partyမှာ ကျွန်တော့်ကို ဖက်ထားတာ မလွှတ်၊ တောက်တဲ့လို ကပ်ကာ လိုက်နေသည်။ အခုလို လုပ်တာကို ကျွန်တော် စိတ်မဆိုး ငယ့်မျက်လုံးထဲမှာ ပျော်ရွှင်မှုတွေ ကြည်နူးမှုတွေ မြင်နေရတာကြောင့် ငယ်ကျတဲ့ မျက်ရည်ဟာ နောင်တရလို့ ကျတဲ့ မျက်ရည်မဟုတ်မှန်း သိသည်။

ဧည့်သည်ကို သေချာနှုတ်ဆက်ပြီးနောက် အိမ်ကိုသာ ပြန်လာခဲ့သည်။ Jက လိုက်ပို့တာကြောင့် နှစ်ယောက်သား နောက်ခန်းမှာ ထိုင်တော့လည်း ငယ်က ကျွန်တော့်ပေါ်တွင် မျက်နှာချင်းဆိုင်ထိုင်ပြန်သည်။

ငယ့်ရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်ရင်း

"ငယ်.....ဘာဖြစ်လို့လဲ မောင့်ကို ပြောလေ"

"ဟင့်အင်း အိမ်ရောက်မှ ပြောမှာ"

"ဟုတ်ပါပြီဗျာ မောင့်ကလေးလေး သဘော"

အိမ်ကိုရောက်တော့ ကျွန်တော့်ပေါ်က မဆင်းပဲ ကျွန်တော့်ပခုံးပေါ် ခေါင်းလေးတင်ကာ လည်ပင်းကို တွယ်ဖက်ထားတဲ့ ငယ့်ကို ကျွန်တော်ပဲ ချီကာ အိမ်ထဲ ဝင်လိုက်ရသည်။

အပေါ်ထပ်ကို တက်ကာ အိပ်ခန်းထဲ ဝင်လိုက်ပြီး အိပ်ရာပေါ် ထိုင်လိုက်တော့လည်း ငယ်က သူနေမြဲပုံစံအတိုင်းသာ နေသည်။

"ကဲ ပြောလို့ရပါပြီဗျာ"

"မောင် ငယ့်ကို တကယ် လက်ထပ်မှာလားဟင်"

"လက်ထပ်မှာပေါ့ ဘာလို့လဲ"

"ငယ်က....ငယ်က မောင် ဒီနေ့ပြီးရင် ငယ့်ကို ထားသွားမယ် ထင်နေတာ"

"ဟင်...ဘယ်လိုမျိုး"

ကျွန်တော် ငယ်ပြောတဲ့စကားကို သိပ်နားမလည်၊ဒီနေ့ပြီးရင် ထားသွားမယ်ထင်တယ်ဆိုတဲ့စကားက ဘယ်လိုမျိုးလဲ ဘာလို့ အဲ့လို တွေးတာလဲ

"ငယ်က ဒီနေ့ မောင်နဲ့ ငယ်ရဲ့ 2years Anniversary ဆိုတာ ငယ်သိပါတယ်၊ ငယ်မမေ့ပါဘူး ငယ် မေ့ချင်ယောင်ဆောင်ခဲ့တာ၊ ငယ့်ကို ထားခဲ့ရမယ့် ရက်ဆိုတာ ေမာင် သတိရသွားစိုးလို့"

"မောင် ဘာမှ နားမလည်တော့ဘူး ငယ်"

"မောင် ဒီနေ့က မောင် ငယ့်ကို လက်တွဲဖို့ တောင်းဆိုတဲ့ စာချုပ် ၂နှစ်ပြည့်လေမောင်၊ အဲ့စာချုပ်ပြီးတဲ့ရက်က ဒီနေ့မို့ မောင် ငယ့်ကို ထားခဲ့ပြီး သွားလိမ့်မယ်လို့ တွေးခဲ့တာ၊ ဒါကြောင့် မောင် မရိပ်မိစေဖို့ Anniversary ကိစကို ပါးစပ်ကတောင် ထုတ်မပြောခဲ့တာပါမောင်"

ချစ်ခြင်း အစပျိုးရာ S1❤(Complete)Onde histórias criam vida. Descubra agora