" ငါ့အိမ်ထဲကို နင်ကဘာလို့ဝင်လာတာလဲ..ထွက်သွားစမ်း " " ငါ နင်နဲ့နင့်အမေကို အရမ်းမုန်းတယ်.. နင်တို့ကြောင့် ငါ့အမေ နေမကောင်း ဖြစ်ရတာ " ငါ့အိမ်မှာ နေဖို့လာတဲ့နင့်ကို ငါက ကောင်းကောင်း နေခွင့်ပေးမယ် ထင်နေလား.. ထိုင်ဆုတောင်းနေလိုက် ။ . " မင်းက နာတတ်တယ်လား.. " " အဟက်.. လူပဲ မနာတတ်သင့်ဘူးလား အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာ ခံစားချက် မဲ့နေတဲ့သူတွေမဟုတ်ဘူး.. ဒါပေမယ့် ငါက နာတာကို နာတယ် လို့ပြောခွင့်မရတဲ့သူဆိုတာ ငယ်ငယ်လေးကတည်းက ဝလုံးမရေးတတ်ခင်ကတည်းက သင်ကြားခံခဲ့ရတဲ့ ဘာသာရပ်တစ်ခု ငါကောင်းကောင်းတတ်ကျွမ်းတဲ့ ပညာရပ်မို့ငါ့ကို လက်ညိုးထောက်ပြီးနင်သင်ပြပေးနေစရာမလိုဘူး " " နင်တို့နာတယ်ဆိုတာ ဖြုတ်ကိုက်ရုံလောက်ပဲရှိတယ်.. နင်တို့ကြောင့် ထိခိုက်နာကျင်ခဲ့ရတဲ့ မိသားစု တွေက တနင့်တပိုးကြီးခံစားခဲ့ရတာ " . " ငါဆိုတာ အမေ့သမီးဖြစ်နေလို့ အမေ့သွေ