ep-2 (Unicode)

24.7K 1.7K 22
                                        

ep-2

" ကိုကိုရေ..."

အပြာနုရောင်ကာတွန်းဝတ်စုံလေးနဲ့ သူ့ဆီပြးဝင်လာသော အကောင်သေးသေးကို သူကြောင်ကြည့်နေမိသည်။
လက်ထဲမှာလည်း ချွတ်ထားပြီးသောပုဆိုးကိုကိုင်ထားလျက်။

အင့်!

သူ့ခြေသလုံးသေးသေးနှစ်ဖက်ကို လက်ပိစိလေးနဲ့အားကုန်ဖက်ပြီး မော့ကြည့်လာသည်က အသည်းယားဖွယ်။
ရေချိုးဖို့ချွတ်ထားသည့်ပုဆိုးကိုပဲ ပြန်ဝတ်ရမလား??
ခြေထောက်နားကအကောင်ပေါက်စနကိုပဲ ပွေ့ရမလား??
သူမသိ။သူသိတာက သူ့ခန္ဓာကိုယ်မှာ ရှိနေတာက ပေါင်တစ်ဝက်သာရှိတဲ့ရေချိုးဘောင်းဘီအကျပ်လေး။အပေါ်ကအင်္ကျီမပါ။
သူ့အရွယ်ကငယ်သေးသည်ဆိုသော်လည်း သူရှက်ပါသည်။
၁၀နှစ်သားအရွယ်ပေမယ့် မိဘတွေရှေ့ အဝတ်မပါဘဲ မနေတတ်။ယုတ်အစွဆုံး ဘောင်းဘီတိုနဲ့ပင် မနေရဲပါ။အဲ့တာကြောင့် အမေတို့ကတောင် လူရှက်ကလေးဟု စနောက်တတ်ကြသေးသည်။

" ဟီး....ကိုကိုရေချိုးမို့လားဟင် "

သွားလေးစိပြီးရယ်ပြလာတော့ အစွယ်သေးသေးလေးတွေက လင်းခနဲလက်ခနဲ။
ပုလဲသေးသေးလေးတွေစီထားသလို သွားလှရုံတင်မကဘဲ ချွန်တက်တက်သွားစွယ်လေးနှစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။ဖြူနုနေတဲ့နဖူးပြင်သေးသေးလေးထက်မှာလည်း အနက်ရောင်ဆံပင်ကောက်လေးတွေ ခွေကျနေသည်က ပိုပြီးချစ်စရာကောင်းအောင်ဖန်တီးပေးထားတဲ့အတိုင်း။

" သားသားရော အတူချိုးမယ် "

" ဟင် "

သူ့ခြေထောက်တွေကိုဖက်ထားရာမှ ခွာပြီး ကာတွန်းအင်္ကျီလေးနဲ့ ဘောင်းဘီတိုလေးကို အမြန်ချွတ်သည်။ပြီးတော့ ချွတ်ပြီးသားအဝတ်လေးတွေကိုလက်တစ်ဖက်နဲ့စုကိုင်ပြီး သူ့ကိုတစ်ဖန်မော့ကြည့်လာပြန်သည့် အကောင်ပေါက်စန။
သူ့မှာတော့ ဘာမှမပြောနိုင်ဘဲ ထိုကိုယ်တုံးလုံးသေးသေးလေးအား ငုံ့ကြည့်နေမိဆဲဖြစ်သည်။

မနေ့ညကရောက်စမို့ အဖေတို့နဲ့သာအိပ်သည့်ဒီပေါက်စနသည် ရေချိုးတော့ သူ့အခန်းကိုလာချိုးသည်။
ကလေးဆိုတော့လည်း ရှက်ရမှန်းမသိ။သူ့ရှေ့မှာတောင် အဝတ်အကုန်ချွတ်ပြီး ရေချိုးဖို့တပြင်ပြင်လုပ်နေလေသည်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Место, где живут истории. Откройте их для себя