Ep-13
အခန်းပြန်ရောက်သည်နှင့် ရေချိုးခန်းဝင်ပြီး ရေအေးအေးနှင့်စိမ်ချိုးပစ်လိုက်သည်။တစ်နေ့လုံးနွမ်းနယ်ထားသမျှ ထိုရေအေးအေးနဲ့မှ ပျောက်ကင်းသလိုခံစားရသည်မို့ သူ့အတွက်တော့ နွေနေ့မျိုးတွေက ပိုပြီးနေလို့ကောင်းသည်။
ရေချိုးပြီးတော့ အညိုရောင်ရှပ်လက်တိုနဲ့ အနက်ရောင်ဒူးကျဘောင်းဘီကိုဝတ်ပြီး စာအုပ်တစ်အုပ်ဖတ်ရင်း သားသားကိုစောင့်နေလိုက်သည်။တအောင့်ကြာတော့ တံခါးဖွင့်သံသဲ့သဲ့နှင့်အတူ ဆံပင်ခွေခွေနက်နက်တွေနဲ့ခေါင်းလေးက ပြူထွက်လာ၏။
" ကိုကို ဟီး..."
သူ့အခန်းကို ဝင်ခွင့်တောင်းသည့်ပုံစံက အမြဲတမ်းအခုလိုလေး။
" လာခဲ့ ဒီအပေါ် ။ ကိုကို ပုံပြင်စာအုပ်အသစ်ဝယ်လာတယ် ။ နားထောင်မယ်မလား? "
သူလဲလျောင်းနေသည့်ဘေးမှ အိပ်ရာလွတ်ကိုပုတ်ပြပြီးခေါ်တော့ အရောင်လက်နေသည့်လခြမ်းကွေးတွေနှင့်အတူ သူရှိရာသို့ပြေးခုန်တက်လာသည့် ဝက်ပေါက်ကလေး။မွေ့ရာထဲနစ်ဝင်သွားမလားတောင် ထင်ရသည်။
" ၂ပုဒ် ။ မဟုတ်ဘူး...၃ပုဒ် နော် ကိုကို "
လက်ချောင်းလေးတွေထောင်ပြီး မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်ဖြင့် ချွဲပြန်နေသောသားသားအား သူအသည်းယားလွန်းသဖြင့် ထိုလက်ချောင်းသွယ်သွယ်တွေကို ဖမ်းပြီး သွားဖြင့်ခပ်ဖွဖွကိုက်လိုက်မိသည်။
" ခွီ.....သားသားလက်တွေ ပြတ်တော့မှာလား ကိုကို? "
" ပြတ်အောင် ကိုက်ပစ်ရမလား ပြော "
" ဟာ....ကိုကိုကလည်း ။ သားသားလက်တွေက စားမကောင်းလောက်ပါဘူး ဟီး "
စလိုက်တာကို တကယ်ထင်ပြီးလန့်သွားပုံရကာ သူ့လက်ကလေးတွေကို နောက်ပြန်ဆုတ်သွားသည့်သားသားကြောင့် သူတဟားဟားအော်ရယ်မိတော့သည်။
" ဒီကလေးဟာလေ ။ ကိုကိုက တကယ်ကိုက်မယ်ထင်လို့လားကွ "
" သိဘူးလေ ။ ကိုကိုက တကယ်လုပ်မယ့်ပုံစံကြီးကို ။ ပြီးတော့ သားလက်တွေကသေးသေးလေးရယ် ။ တော်ပြီ ကိုကို့ကိုကြောက်တယ် "
VOCÊ ESTÁ LENDO
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
RomanceTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)