ep - 1
10.9.2007 ခုနှစ်
အညိုရောင်တစ်ထပ်တိုက်လေး၏ ဧည့်ခန်းလေးတွင် မျက်နှာအစုံအညီရှိနေကြသည်။ထိပ်ဆုံးခုံတွင်ထိုင်နေသောအမျိုးသား၏ပေါင်ပေါ်တွင် ကလေးငယ်တစ်ဦးရှိနေပြီး ထိုကလေးငယ်၏အကြည့်တွေကတော့ ခပ်ဝေးဝေးတွင်ထိုင်နေသော ကောင်လေးဆီမှာသာ။ထိုကောင်လေးနဲ့မျက်နှာချင်းဆိုင်ခုံတွင် ရုပ်ရည်ချောမောသောအမျိုးသမီးတစ်ဦးနှင့်မိန်းမငယ်လေးတစ်ယောက်လည်းရှိနေသည်။ထိုမိန်းမငယ်လေး၏ မျက်လုံးများက တဖျတ်ဖျတ်လက်နေပြီး ဖခင်ပေါင်ပေါ်ကကလေးငယ်ကိုသာ အူယားစွာလှမ်းကြည့်နေသည်။
" ဒီကလေးလေးကို မွေးစားဖို့ ဖေဖေခေါ်လာခဲ့တယ် ။ သားနဲ့သမီးကရော ဘယ်လိုသဘောရလဲ"
အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်သည်သာမက ဖခင်တစ်ယောက်ပင်ဖြစ်သော်ငြားလည်း အဖေဟာ အခုလိုပဲမိသားစုသဘောထားကို ဂရုစိုက်တတ်သူသာဖြစ်သည်။သဘောကောင်းသောအမေ့ကို တိုင်ပင်မေးမြန်းသလိုပဲ အရွယ်မရောက်သေးတဲ့သားနဲ့သမီးဆန္ဒကိုပါ အလေးထားတတ်သူဖြစ်သည်။ယခုတွင်လည်း မိဘမဲ့ဂေဟာတစ်ခုမှကလေးငယ်လေးကိုမွေးစားမည်ဟုဆိုကာ သူတို့ရဲ့ဆန္ဒသဘောထားကိုလည်း လွတ်လပ်စွာပြောစေခိုင်းသည်။
" နှင်းကတော့ ဘာမှပြောစရာမရှိဘူး ။ သားနဲ့ သမီးသာဆန္ဒရှိရင် လက်ခံပေးဖို့အဆင်သင့်ပဲ အစ်ကို "
အမေကတော့ ရိုးရိုးရှင်းရှင်းပဲ ပြောလေသည်။
ထို့ကြောင့် အဖေ့ရဲ့အကြည့်တွေက သူနဲ့ မကြီးထံသို့သာ တစ်လှည့်စီကျရောက်လာ၏။" သမီးကတော့ အဲ့သေးသေးလေးကို အူယားနေပြီ ။ လာပါဦး သေးသေးလေး မမဆီကို လာခဲ့ လာ"
မကြီးခေါ်နေသည်ကို ပြူးတိပြူးကြောင်ကြည့်ပြီး ငြိမ်နေသောအကောင်ပေါက်ကြောင့် သူပါ အသည်းယားလာရသည်။ထိုအချိန် အဖေ့အကြည့်တွေက သူ့ဆီသို့ရောက်ရှိလာသည်။သူ လက်ထဲက အရောင်ဆက်ကုဗတုံးလေးကိုသာ ပြန်အာရုံစိုက်လိုက်ပြီး
" အဖေတို့ မွေးစားချင်ရင် မွေးစားပေါ့ ။ သားလည်း မကန့်ကွက်ပါဘူး"
ESTÁS LEYENDO
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
RomanceTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)