Ep - 20
" သားသား အခုထိစားလို့မပြီးသေးဘူးလား? "
သူ မောလှပြီ။သူ့အခန်းထဲရောက်ပေါ့ဆိုကတည်းက သူ့ထက် လိမ္မော်သီးကိုသာအရေးလုပ်နေသော သားသား။အခုထိလည်း စားပွဲနားကမထသေး။သူကတော့ ပုံပြင်စာအုပ်တစ်အုပ်နဲ့ အိပ်ရာပေါ်မှာဆန့်ဆန့်ကြီး။
" ဟီး ကိုကိုလည်း။ ပြီးတော့မယ် ပြီးတော့မယ် "
သူ့ကိုပြန်လှည့် ရယ်ပြရင်း လိမ္မော်သီး၃ ၊ ၄ မြှောင်းလောက်ကို ပါးစပ်ထဲခပ်သွက်သွက်သွင်းလိုက်သည့် အကောင်ပေါက်။နှုတ်ခမ်းထောင့်လေးများကမူ လိမ္မော်ရည်များကြောင့် စိုလက်နေသည်။
" ကဲ မလာရင်လည်း နေတော့ ။ ကိုကို ပုံပြင်မဖတ်ပြတော့ဘူး "
သူ ဟန်ဆောင်ပြီး လက်ထဲကစာအုပ်ကိုပစ်ချကာ တစ်ဖက်သို့စောင်းလှည့်အိပ်ပစ်လိုက်သည်။
အဆိုးလေးကို သူလှည့်စားမှရတော့မယ်လေ။
မကြာပါဘူး။သိမ့်ခနဲတုန်သွားသောမွေ့ရာနှင့်အတူ သူ့ကိုယ်လုံးကြီးကိုဆွဲလှည့်လာသည့် လက်တုတ်တုတ်ကလေးတွေ။သူ ပေတေပြီးမျက်လုံးတွေကို မှိတ်ထားလိုက်သည်။
" ကိုကို့ သားပြီးပြီလို့ "
အသံချိုချိုလေးက သူ့နှလုံးသားတွေကို ပျော်ရွှင်စေသည်။သို့သော် သူညစ်ချင်သေးသည်မို့ ဆက်ပြီးဟန်ဆောင်နေလိုက်သည်။
" ဟင့် ကိုကိုလူဆိုးကြီး ။ အာဘွားပေးမယ်လေ နော်ကိုကို "
သူ စိတ်ထဲမှာပဲကြိတ်ပြုံးနေလိုက်သည်။ဒီကလေးဟာလည်း သူ့ကိုဆို အရည်ပျော်အောင်သိပ်လုပ်။
" ဟွန့် အဆိုးလေး ။ လာ ကိုကို့ကိုဖက်ပါဦး "
သူ နောက်ဆုံးတော့လက်လျှော့ရလေတော့သည်။လှဲလျက်ကပဲ လက်တွေဆန့်ပေးတော့ ချက်ချင်းတိုးဝင်လာသည့်ကိုယ်လုံး,လုံးလုံးလေးက နွေးအိစွာ။
" ဟီး ကိုကို့ကိုချစ်တယ် မွ "
ရင်ခွင်ထဲကနေ သူ့မေးဖျားကိုလှမ်းနမ်းလာပြန်သည်။ဒီကလေးလေးဟာလေ။ သူ့မှာ မြန်လာသောရင်ခုန်သံတွေကြောင့် အသက်ရှူတောင်မှားချင်ချင်။
![](https://img.wattpad.com/cover/246902689-288-k370191.jpg)
BẠN ĐANG ĐỌC
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
Lãng mạnTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)