For ThiDinKyut Extra🎉

3.9K 199 2
                                    

🎉 သီတင်းကျွတ်အမှတ်တရ🎉(Extra)

" မောနင်းပါ ကိုကို့ကလေးလေး မွ "

အိပ်ရာထ၊မျက်လုံးနှစ်လုံးပွင့်တာနဲ့ ပထမဆုံးပြုလုပ်ဖြစ်တဲ့ ပါးဖောင်းဖောင်းလေးအပေါ်အနမ်းခြွေခြင်းဖြစ်တဲ့ နွေဘုန်းခရဲ့အကျင့်ဟာ ယခုထိတိုင် စွဲမြဲစွာ။ထိုအခါ မြင်နေကျပုံစံအတိုင်း ပြောင်းလဲမသွားတဲ့ဖုန်းခလေးက မျက်လုံးလေးပိတ်လျက်နဲ့ သူ့လည်ပင်းတွေကို စမ်းတဝါးဝါးဆွဲချတော့၏။

" သား အိပ်ရေးမဝသေးဘူး ။ ကိုကိုလဲ ပြန်အိပ် "

အိပ်ချင်မူးတူးအသံလေးနှင့်ပြောလာပြီးနောက် အိပ်ရာပေါ်ပြန်လဲကျသွားတဲ့သူ့အပေါ်ကို ဝမ်းလျားမှောက်လေးတက်လာတဲ့ကလေးလေးကြောင့် နွေဘုန်းခမှာ အပြုံးတစ်ဝက်ဖြင့် ခေါင်းယမ်းမိတော့သည်။
ယုန်ဝါပေါက် မရှိတာနဲ့ အော်တိုကလေးပြန်လုပ်နေပါသော သားသားပါပဲ!

" ကိုကို့ "

" ဟင် အင်း "

သူ တွေးနေတုန်းမှာပဲ သူ့ရင်ဘတ်ပေါ်မေးကလေးတင်ရင်း ခေါ်လာတဲ့ပေါက်စီလုံး။မပွင့်တပွင့်မျက်လုံးလေးတွေနဲ့ လူကို အတင်းပြူးပြဲကြည့်နေပုံက ဆွဲပွေ့ပြီးနမ်းရှိုက်ပစ်ချင်စရာအတိ။

" သားကို ချစ်လားဟင် "

စလာပါပြီ။ ပေါက်စီလုံးတို့ရဲ့ မရိုးနိုင်သောဒီအမေးစကား။သူ့မှာတော့ သဘောတကျရယ်ရင်း အိပ်ရာထစမို့နီချင်နေတဲ့နှာခေါင်းထိပ်ဖျားလုံးလုံးလေးကို ချစ်းနိုးဆွဲညှစ်ကာ

" အခုထိ မသိသေးဘူးလားကွာ။ ချစ်တာမှ ကိုကိုက ဒီကလေးလေးကို ထားစရာကိုမရှိတာ"

" ဟီး "

" အဆိုးလေး "

သူ အသည်းယားစွာဖြင့် အဝါရောင်ဆံပင်ခွေခွေလေးတွေကို ဆွဲဆန့်ရင်း ဆော့ကစားကာ အိပ်ရာထစမို့အစ်နေတဲ့မျက်နှာဖောင်းဖောင်းလေးကို ပြုံးပြီးကြည့်နေလိုက်၏။

" ဒါဆို ထပ်ပြီးမေးမယ်။ မညာရဘူးနော် ကိုကို "

မျက်ခုံးကွေးကွေးလေးတွေကို ပင့်ပြီးမေးတဲ့အမေးမှာ နွေဘုန်းခရဲ့ခံစားချက်ဟာမကောင်းတော့ပါ။သို့ပေမဲ့ ပေါက်စီလုံးလေးစိတ်ကျေနပ်စေဖို့ ခေါင်းကိုသာညိတ်ပြမိတော့ ထင်သည့်အတိုင်းပင် မေးလာသည်က

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now