ep - 39 ( Unicode )

11.9K 861 8
                                    

Ep - 39

အိမ်တံခါးဝအတွင်းသို့ခြေချမိသည်နှင့် ဧည့်ခန်းထဲတွင်အစုံအလင်ရှိနေသော မိသားစုဝင်များကို တွေ့ရသည်။ အဖေကတော့ သူ့ဆီသို့ငေးလာသည့်မျက်ဝန်း ၃ စုံ၏မျက်နှာချင်းဆိုင်မှာ တည်ငြိမ်အေးဆေးသည့်ဟန်အမူအရာ​ဖြင့် ခပ်လျော့လျော့မှီထိုင်နေသည်။

သူ ခြေလှမ်းကျဲများဖြင့် မျက်ခွံလေးများနီနေသည်အထိငိုထားပုံရသော အမေတို့နှစ်ယောက်၏ကြားမှ ဖုန်းခဆီသို့သာ အပြေးသွားလိုက်၏။

" ဘာတွေဖြစ်နေကြတာလဲ အမေ ။ ကျွန်တော့်ကို ရှင်းပြကြပါဦး။ "

မကြီးနှင့်အမေတို့ကြားမှာထိုင်နေသည့် သားသား၏လက်ဖျားလေးများကိုဆွဲယူကာ ကြမ်းပြင်ပေါ်ဒူးထောက်ထိုင်ချရင်း သူမေးမိသည်။ သို့သော် ဘယ်သူမှ ဘာမှမပြောကြတာမို့ သူ့စိတ်တို့ပူလောင်လာရ၏။

" မကြီး ။ "

တစ်ဖန် မကြီးဆီကိုမော့ကြည့်ကာ ခေါ်လိုက်တော့ အကြည့်ဖြင့်သာ တုံ့ပြန်လာသည်။

ဧည့်ခန်းသည် ရှိုက်သံသဲ့သဲ့မှအပ အခြားအသံတို့မရှိလောက်အောင် တိတ်ဆိတ်နေသည်။ စိုးရိမ်တကြားဖြစ်နေသည့်သားကိုကြည့်ပြီး ဦးဘုန်းခ သက်ပြင်းဖွဖွချလိုက်လေ၏။ ထို့နောက် အတည်ငြိမ်ဆုံးသောလေသံဖြင့်

" အခု သားနွေလည်းရောက်လာပြီဆိုတော့ ဖေကြီးတို့ ပြောစရာရှိတာပြောကြရအောင်။ သားနွေ သားသားကဖေကြီးကိုဝန်ခံထားပြီးပြီ။ "

ဖေကြီး၏နားလည်ရခက်သောစကားကြောင့်
သူ ဆိုဖာခုံမှာကုပ်ကုပ်လေးထိုင်နေသည့်သားသားကို မော့ကြည့်လိုက်သည်။ ထိုအချိန် သူစုံလိုက်ရသည့်လခြမ်းကွေးများဟာ အရည်လဲ့နေပြီး ကြောက်ရွံ့စိတ်တို့ဖုံးလွှမ်းနေသလို။

" သားကရော ဖေကြီးကို ဘာဝန်ခံစရာရှိနေသေးလဲ ။ ဖေကြီးတို့က မိသားစုဝင်တွေပဲမို့ အရိုးသားဆုံးနဲ့အပွင့်လင်းဆုံး ဖြစ်စေ ၊ ပြောစေချင်တယ်ကွာ။ ဘာကိုမှမကွယ်ဝှက်ဘဲပေါ့။ "

သူ နားလည်သွားခဲ့ပါပြီ ။
အဖေပြောနေတဲ့ စကားတွေအကြောင်း။
သားသားက ဘာကိုဝန်ခံထားတယ်ဆိုတဲ့အကြောင်း။
မကြီးနှင့်အမေ့ရဲ့မျက်ဝန်းတွေ ဘာ့ကြောင့်နီရဲနေသည်ဆိုတဲ့အကြောင်း။
သူ ဆက်စပ်ပြီးတွေးတောမိတော့ ဖြစ်စဥ်အားလုံးကို အသေအချာနားလည်သွားခဲ့ရသည်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Où les histoires vivent. Découvrez maintenant