ep-4( Unicode)

17.1K 1.5K 22
                                    

ep-4

" ကိုကို သားသား စက်ဘီးစီးချင်တယ်"

စနေနေ့၏လှပသောကောင်းကင်အောက်ရှိ မြက်ခင်းစိမ်းပေါ်လှဲနေသူအနား အဖြူရောင်အလုံးလေးလိမ့်တိန့်လိမ့်တိန့်ဖြင့် ရောက်ရှိလာသည်။စွပ်ကျယ်အင်္ကျီအဖြူလေးကို ဘောင်းဘီတိုအဖြူလေးနဲ့တွဲဝတ်ထားသည်မို့ ဖြူဖွေးနေသောလက်မောင်းကလေးများနှင့် ခြေထောက်ဖြူကလေးများက ထင်ထင်ရှားရှားလှစ်ဟလို့နေ၏။

" ဟီး.....ကိုကို နော် "

သူလှဲနေရာမြက်ခင်းအနားလေး ပုံ့ခနဲထိုင်ချကာ ပါးတွေကိုဆွဲဖဲ့လာတဲ့ အကောင်ပေါက်စန။
ပါးဖောင်းတွေပိုင်ဆိုင်တာ ထိုအကောင်ပေါက်စနဖြစ်သော်ငြားလည်း ပါးအဖဲ့ခံရသူက သူပင်ဖြစ်သည်။

" ကိုကို့ကို အာဘွားပေးမယ်လေ ။ နော်...နော်...နော် "

လေးဖက်လေးကုန်းပြီး သူ့မျက်နှာအနှံ့ တရှုံ့ရှုံ့လာနမ်းသည်ကြောင့် သူ့လက်ထဲမှစာအုပ်သည်လည်း ရင်ဘတ်ပေါ် ပြုတ်ကျသွားသည်။
နှာခေါင်းထဲတွင်လည်း လိမ္မော်ရနံ့သင်းပျပျက စူးခနဲတိုးဝင်လာခဲ့လျက်။

" အဆိုးလေး "

သူခေါ်လိုက်သည်နှင့် မျက်နှာပေါ်မှရွေ့လျားမှု
ဟာ အဆုံးသတ်သွားသည်။ထို့နောက်တွင်တော့ ဟီးခနဲရယ်ပြသည်။ ပြီးမှ သူကိုယ်သူသတိရသွားဟန်ဖြင့် လက်ဖွေးဖွေးတုတ်တုတ်ကလေးနဲ့ အနံ့ထွက်နေသောပါးစပ်ကို အုပ်ကွယ်လိုက်သည်။

" ချိုချဥ်တွေ စားပြန်ပြီလား"

လှဲနေရာမှ ငုတ်တုတ်ထထိုင်လိုက်ပြီး ပါးစပ်ကလေးအုပ်နေသည့်အကောင်ပေါက်စနကို မျက်မှောင်ကုပ်ကြည့်ပြီး မေးလိုက်သည်။
ချောင်းဆိုးမှာကို ဒီကလေးမကြောက်ဘူး။

" ကိုကို့ပြောစကားကို နားမထောင်ဘူး ။ အဆိုးလေး လုပ်နေတယ် ။ ကိုကို မင်းကိုမချစ်တော့ဘဲ နေမှာနော် သားသား "

သူဆူလိုက်တော့လည်း ခေါင်းလေးငုံ့ပြီး ငြိမ်သွားလေသည်။စိမ်းမြတဲ့မြက်ခင်းပြင်ပေါ်မှာ ဒူးလေးထောက်ထားပြီး ခြေဖနောင့်တွေပေါ်ဖင်ချထိုင်ထားသည်မို့ ဒူးရဲရဲလေးများက ပြောင်းတင်းလို့နေသည်။
အတော်ကြာတဲ့အထိ ခေါင်းမဖော်သေးတာကြောင့် လခြမ်းလေးတွေမှာမျက်ရည်အိုင်သွားပြီဆိုတာ ရိပ်မိလိုက်သည်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Tempat cerita menjadi hidup. Temukan sekarang