ဟEp-10
" ဘုန်းခ အဆောင်ရှေ့မှာ မင်းအမေတို့ရောက်နေတယ် "
ရေစိုနေတဲ့ခေါင်းကိုတဘက်ဖြင့်သုတ်နေရင်းက သူငယ်ချင်းတစ်ယောက်ရဲ့စကားကြောင့် သူအပြင်ကို အပြေးထွက်လာခဲ့လိုက်သည်။
၃ လ။
သူ ဒီကိုရောက်တာ ၃လပင်ရှိခဲ့ပြီ။ထို ၃ လဆိုသော ကာလက သူ့အတွက်ခက်ခဲလွန်းသောအချိန်တွေ။အိမ်နှင့်အကြာကြီးမခွဲဖူးသူမို့ အိမ်ကိုလွမ်းသည်။မိသားစုကိုလွမ်းသည်။သနပ်ခါးဝါဝါကလေးနဲ့ပါးဖောင်းဖောင်းလေးကို လွမ်းသည်။တသီးတသန့်နေတတ်သူဖြစ်လို့ ၄ ၊၅ ယောက်စုနေရသည့်အခန်းငယ်ဟာ သူ့အတွက်တော့ အကျဉ်းအကြပ်တစ်ခုပဲ။အစားအသောက်ရွေးသူဖြစ်၍ ပိုပြီးစိတ်ညစ်ရသည်။ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းဘယ်လောက်ထားထား အလွယ်ယူသုံးကြသူတွေရှိနေသည်မို့ ပိုပြီးအဆင်မပြေဖြစ်ရသည်။သို့သော် အမေတို့ကိုလည်း ဒုက္ခမပေးချင်။ထို့ကြောင့် တစ်ခါတစ်ရံမျက်စိမှိတ်နားပိတ်နေပေးရသည့်အချိန်က များသည်။
အမှန်ဆို ယခုလည်း သူစိတ်တို့က သိပ်ကြည်သည်တော့မဟုတ်။အကြောင်းအရင်းက သူ့တဘက်ဖြူဖြူလေးမှာ ဆံပင်အနက်ဆေးများစွန်းနေ၍ ဒေါသထွက်နေခြင်းပင်။လူတွေက ခက်လွန်းသည်။မကြိုက်ဘူးဆို သိပ်ပြီးလုပ်ချင်ကြလွန်းသည့် စိတ်ယုတ်တွေကို တကူးတကမွေးမြူတတ်ကြသည်။သည်းခံခြင်းသည် အောင်မြင်ခြင်းဟုပြောကြပေမယ့် ခံရပါများတော့လည်း နားကြဉ်းစိတ်တို့က ရင်တွင်ခိုအောင်းလာသည်။မဖြစ်တော့ဘူး။သူ့ရင်တွေပူလောင်နေသည်မို့ ရင်ကိုအေးစေမယ့်သကြားရေစင်တစ်ခွက်လောက်တော့ ရမှဖြစ်လိမ့်မည်။
" ကိုကို!! "
တံခါးဝရောက်သည်နှင့် သူ့ထံပြေးဝင်လာသော အဖြူရောင်စပန့်သားဝတ်စုံလေးနဲ့ဖြူတစ်တစ်လုံးလေးကို သူအပြုံးတွေဖြင့်ဖမ်းယူပွေ့မြှောက်လိုက်သည်။
" ရားးးးကိုကို့ရဲ့ဝက်ပေါက်လေး တော်တော်ထွားလာပြီ "
" ဟီးးးး.ကိုကို့ကို တွေ့ရပြီ "
လေးလေးကျစ်ကျစ်ကိုယ်လုံးလေးကို သူ့မှာမနည်းပင်ပွေ့ထားရသည်။
သူ့စကားကို တသွေမတိမ်းနားထောင်လွန်းပါသော ကလေးငယ်ပင်။
BINABASA MO ANG
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
RomanceTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)