ep - 40 ( Unicode )

13K 834 17
                                    

Ep - 40

10.9.20...

"" December "" အမည်ရှိ cake shop အကြီးကြီးတွင် လူအများဝင်ထွက်သွားလာလျက်ရှိသည်။ အကြောင်းကတော့ ယနေ့ဟာ ထိုဆိုင်ကြီး၏၃နှစ်မြောက်ဖွင့်ပွဲနေ့ဖြစ်သည်။

" ကြိုဆိုပါတယ် ဧည့်သည် ။ ယနေ့က ဆိုင်ရဲ့ ၃ နှစ်မြောက်ဖွင့်ပွဲဖြစ်လို့ ဧည့်သည်တို့ကြိုက်နှစ်သက်ကိတ်အမျိုးအစားများကို အခကြေးငွေမပေးရဘဲ free စားသုံးလို့ရပါတယ်ရှင့် ။ "

" ဝိုးးးး တကယ့်နေ့လေးနဲ့ကြုံရတာပဲ"

" ဟုတ်ပါ့ ။ ဒီနေ့တော့ အရသာစုံကို မြည်းကြည့်ဦးမယ်ကွာ။ "

" ဟုတ်ကဲ့ရှင့် ။ ဧည့်သည်တို့ ဒီဘက်ကိုကြွပါနော် ။ "

ဆိုင်ထဲတွင် ဖော်ရွေချိုသာလွန်းသည့်ဝန်ထမ်းလေးများနှင့် အများအပြားဝင်ရောက်လာသည့်စားသုံးသူများကြောင့် ဆူညံလျက်ရှိ၏။

" December က ကိတ်တွေက သိပ်ကိုအရသာရှိတာပဲနော် ။ စတော်ဘယ်ရီအရသာဆိုလည်း မွှေးပြီး ချိုနေရော။ "

" ဟုတ်တယ် ။အဲ့ဒီအထဲမှာ ငါက
ချောကလက်ကိတ်ကိုအကြိုက်ဆုံးပဲ ။ အာ....နူးညံ့ပြီး မွှေးအိနေတဲ့ ငါ့ကိတ်ကလေး။"

ချီးမွမ်းသံများဟာ ဆိုင်ထဲတွင် တသဲသဲဖြင့်။

" ကျေးဇူးပြုပြီး ဧည့်သည်တော်များ ခဏလောက်ငြိမ်သက်ပေးပါရှင့် ။ "

ထိုစဥ် မိုက်သံကျယ်ကျယ်တစ်ခုထွက်ပေါ်လာသည်မို့ ဆူညံနေခဲ့သည့်လူအုပ်ကြီးဟာ ရေနှင့်အငြှိမ်းခံလိုက်ရသည့်မီးတောက်တွေလိုမျိုး ရှဲခနဲတိတ်ကြသွားသည်။ မိုးပျံပူဖောင်းကလေးများဖြင့်အလှဆင်ထားသည့် အထူးအ​ပြင်အဆင်များအောက်မှာတော့ မိုက်ကိုင်ထားသည့်အမျိုးသမီးတစ်ယောက်နှင့် မိသားစုတစ်စုရှိနေပါ၏။
ငြိမ်သက်တိတ်ဆိတ်သွားသည့်လူအများ၏အကြည့်တို့ကလည်း ထိုမိသားစုထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားတော့သည်။

" ဧည့်သည်တော်များသိပြီးကြသည့်အတိုင်း ဒီနေ့လေးဟာ ကျွန်မတို့ဆိုင်ရဲ့ ၃ နှစ်မြောက်ဖွင့်ပွဲနေ့လေးပေါ့ ။ ထပ်ပြီးကြေညာချင်တာကတော့ ဒီနေ့ဟာ ဒီဆိုင်ကြီးရဲ့ပိုင်ရှင်ဖြစ်တဲ့ ဒေါ်ဝေနှင်းခရဲ့အချစ်ဆုံးမောင်လေးရဲ့ မွေးနေ့လည်းဖြစ်ပါတယ် ။ ဒါ့ကြောင့် မောင်လေးနေဖုန်းခရဲ့မွေးနေ့လေးအတွက် အားလုံးက မွေးနေ့လက်ဆောင်သီချင်းလေးဖြင့် ဂုဏ်ပြုပေးကြရအောင်လားရှင့် ။ မွေးနေ့ရှင်မောင်လေးရေ မွေးနေ့ကိတ်လေးအပေါ် ဖယောင်းတိုင်လေးတွေထွန်းညှိပေးပါနော် ။ "

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Onde histórias criam vida. Descubra agora