ep - 24 ( 1 ) (Unicode)

11.8K 943 8
                                    

Ep - 24 ( 1 )

" ကိုကို့.."

စာရင်းဖိုင်တွေကိုသိမ်းနေချိန် ခေါ်သံတိုးတိုးနှင့်အတူ အခန်းဝမှခေါင်းလုံးလေးပေါ်ထွက်လာသည်။သူလှည့်ကြည့်တော့ ဟီးခနဲရယ်ပြပြီး ဝင်ခွင့်တောင်းလေရဲ့။

" လာလေ သားသားရဲ့ ။ ကိုကို့ကို ဘာပြောမလို့လဲ "

သူဆက်ပြီး ဖိုင်အချို့ကိုသိမ်းဆည်းနေလိုက်သည်။ခဏကြာတော့ သူ့အနားတိုးကပ်လာသည့် ဖြူဖြူဖွေးဖွေးပေါက်စီလုံးလေး။ရေချိုးပြီးစမို့ ဆပ်ပြာနံ့သင်းသင်းကလည်း နှာခေါင်းဝမှာမွှေးခနဲ။

" စိတ်ကောက်ပြေချင်လို့ "

"ဟမ် "

ဖိုင်တွေသိမ်းနေသည့်လက်တွေက ထိုစကားလုံးဆန်းဆန်းလေးများကြောင့် တုံ့ခနဲရပ်လို့သွားသည်။ဘေးကိုခေါင်းစောင်းငဲ့ကြည့်တော့ မျက်လုံးလေးဝိုင်းပြီးငေးလာတဲ့ အကောင်ပေါက်။စုလုံးနေသည့်နှုတ်ခမ်းပါးလေးကလည်း ပိုပြီးနီရဲနေသယောင်။

" ဘာပြောလိုက်တယ် သားသား ။ ကိုကိုနားမရှင်းလို့ "

သူပြန်ပြီးမေးလိုက်တော့ အနည်းငယ်အိုကျသွားသည့် မျက်နှာဖောင်းဖောင်းလေးနှင့်အတူ နီတွတ်တွတ်နှုတ်ခမ်းလုံးလေးသည်လည်း ပိုပြီးရှေ့ထွက်လာသည်။

" သားက ကိုကို့ကို စိတ်ကောက်ပြေချင်လို့ပါဆို ။ ကိုကိုက သားကိုမချော့ဘူးလေ။အဲ့ဒါကြောင့် အချော့ခံဖို့သားလာခဲ့တာ "

လက်ချောင်းဖြူဖြူလေးတွေကလည်း သူ့ခါးကအင်္ကျီစကို ဆွဲကိုင်လှုပ်နေလေရဲ့။အခု
သားသားပုံစံကလေ လိုချင်တာရဖို့ချွဲနေတဲ့ခွေးပေါက်လေးလိုပဲ။တအီအီနဲ့ သူ့အနားမှာ ကပ်နေပုံများ။

သူဖွဖွလေးပြုံးလိုက်မိသည်။ဒီကလေး ဒါကျတော့မမေ့သားပဲ။

ကျန်ရှိနေသည့်ဖိုင်တစ်ဖိုင်ကို ပုံးထဲထည့်သိမ်းပြီးနောက် ဗီရိုအတွင်းတွန်းထည့်လိုက်သည်။ထို့နောက် ခါးဆီမှလက်ကလေးတွေကို ဖြည်းဖြည်းချင်းဆွဲယူပြီး အိပ်ရာဆီသို့လျှောက်လာခဲ့လိုက်သည်။

" ကြည့်ပါဦး ။ ကိုကို့ပေါက်စီလုံးလေးက အခုတော့ခွေးပေါက်ကလေးလို ပြုမူနေပါလား? အာ...ကိုကိုအသည်းယားပြီး မျိုချလိုက်ရ "

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Donde viven las historias. Descúbrelo ahora