ep - 46 ( Unicode )

10.3K 706 7
                                    

Ep - 46

" သားသား အဲ့ဒါဘာလုပ် "

" ဟီး...ကိုကို့ ။ "

သူ့ကိုမြင်သည်နှင့် လက်တွေကိုကပျာကယာ နောက်ပို့ပစ်ပြီး သွားတွေဖြဲကာရယ်ပြလာသည့်သားသား။ ပြုံးအီနေသည့်မျက်နှာက တစ်ခုခုကိုခိုးလုပ်နေသည့်အတိုင်းပင်။

" လက်ထဲက ဘာတွေလဲ"

" ဟင့်အင်...ဘာမှဟုတ်ဘူး။ "

သူ ရှေ့တိုးတော့ နောက်ကိုခြေတစ်လှမ်းဆုတ်ကာသွားသည်။ လက်ကလေးတွေကနောက်ပစ်ထားသည်မို့ ရှေ့ကိုလုံးထွက်နေသည့်ဗိုက်ကလေးက ချစ်စရာ။ ထုံးစံအတိုင်း သူ့ရှပ်အင်္ကျီအဖြူတွေကိုမှ အကြိုက်ဖြစ်နေသည့်သားသားက ယခုလည်းဝတ်ထားသည်က ဟိုနေ့ကမှသူဝယ်လာသည့် ခပ်ပွပွဒီဇိုင်းတစ်မျိုး။

" မညာနဲ့ ။ ကိုကို့ကိုပြ ။ "

" ဟင့်အင်...ကိုကိုက ဆူမှာ ။ မပြဘူး ။ "

ဆိုးပါတယ်။ တစ်နေ့တခြား အရမ်းကိုဆိုးလာတဲ့ အဆိုးတကာ့အဆိုးလေးပါ။ ကိုယ့်စကားကို နားထောင်သလားဆိုတော့လည်း နားထောင်ပါတယ်။ ဒါပေမဲ့ ရှေ့တင်ပါ။ ကွယ်ရာကျရင်တော့ သူ့လုပ်ချင်ရာလုပ်ပါတယ်။ အခုလည်း သူရေချိုးနေတုန်းလေးပျောက်သွားတာ။ လိုက်ရှာတော့ အမေတို့ဘက်ရောက်နေပြီ။

အမေတို့ကလည်း သူတို့အသည်းကျော်လေးကို လွှတ်ထားသည်။ သူထိန်းလိမ့်မယ်ဆိုပြီးတော့များ တွေးလေသလားမသိ။
သူလည်းထိန်းတော့ထိန်းတာပဲ။ ဒါပေမဲ့ အချိန်တိုင်းတော့ဘယ်လိုလုပ်လိုက်ကြည့်နေနိုင်ပါ့မလဲ? အဆိုးလေးကလည်း အစကတည်းကအလည်လေးဆိုတော့ သူမျက်နှာလွှဲမိတာနဲ့ လစ်ပြေးရော။

" ကိုကိုဆူရအောင် သားသားက ဘာတွေမဟုတ်တာလုပ်နေလို့လဲ ။ "

" ဟို....။ ဟို....။ "

မေးတာကို မဖြေဘဲ ခေါင်းလေးတမော့မော့နဲ့ ဟိုကြည့်ဒီကြည့်လုပ်သည်။ပြီးလျှင် နှုတ်ခမ်းပါးလေးတွေကို စုချွန်ကာ တဟိုဟိုလုပ်ပြီး တိတိကျကျအဖြေမပေး။
အူလည်လည်လုပ်နေသည့်ထိုကောင်လေးကိုကြည့်ပြီး သူအသည်းယားလို့လာရသည်။

ဆူမှာလည်း ကြောက်သေးတယ်။ ဆူအောင်လည်း လုပ်တယ်။ ဒီပေါက်စီပူကယ်လေးဟာလေ ဘယ်လိုကောင်လေးမှန်းကိုမသိဘူး။ တကယ်ကို ထိန်းမနိုင်သိမ်းမနိုင်လေး။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now