Ep - 51
" အဲ့....အဲ့..."
" မမဖြိုးဖြိုးရေ မမဖြိုးဖြိုး! "
" အဲ့....."
သားလေးကိုသိပ်နေရင်းမှ အပြင်ကခေါ်သံကြောင့် ဆွေဇင်ဖြိုးမှာကပျာကယာဖြင့် တံခါးသွားဖွင့်လိုက်သည်။ ထိုအခါမှ အနှီးထုပ်လေးကိုပွေ့ပိုက်ပြီး ငိုမဲ့မဲ့လေးဖြစ်နေသည့်သားသားကို အပေါက်ဝမှာပဲတွေ့လိုက်ရ၏။
" ဟယ် သားသား ။ ဘယ်လိုဖြစ်လာတာလဲ? "
လက်ထဲမှသားလေးကလည်းမအိပ်သေးတာကြောင့် အာပြဲအောင်အော်ဟစ်နေသည့်ပူတင်းလုံးလေးကို ဆွေဇင်ဖြိုးချီလို့မရ။ ကလေးကအော်နေတာ မျက်နှာကြီးတောင်ရဲလို့နေပြီ။
" ငဲ...ငဲ...ငဲ..."
" ကဲပါ။ မဖြစ်သေးပါဘူးလေ။ လာလာ အထဲဝင်ခဲ့ သားသား။ "
ငိုတော့မလိုရုပ်ဖြစ်နေသည့်ဖုန်းခကို အခန်းထဲအမြန်ခေါ်ပြီး လက်ထဲကသားလေးကို အိပ်ရာပေါ်ပက်လက်ကလေးပြန်ချလိုက်သည်။ ပြီးတော့ အသားတွေတဆတ်ဆတ်တုန်နေသည်အထိတငဲငဲ တအဲ့အဲ့ငိုနေသည့်ပူတင်းလုံးလေးကို လက်ပြောင်းချီယူကာ နို့တိုက်လိုက်သည်။
" ဟင့်....သားလည်း မမလို နို့ထွက်ချင်လိုက်တာ ။ အဲ့ဒါဆို ပူတင်းလုံးလည်းမငိုရတော့ဘူး။ "
နှာလေးတရှုံ့ရှုံ့ဖြစ်နေသူလေးကို ဆွေဇင်ဖြိုး ဂရုဏာသက်စွာကြည့်လိုက်သည်။ ဒီကလေးက ကုသိုလ်ကံကောင်းလို့ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးနိုင်ပေမဲ့ နို့ရည်မထွက်တော့ သူ့ခမျာစိတ်မကောင်းဖြစ်လို့နေရှာသည်။ နို့စို့နေတဲ့လက်ထဲကအကောင်ပေါက်ကို ငုံ့ကြည့်မိတော့လည်း မျက်လုံးလေးတွေမှေးစင်းပြီး ဇိမ်ယူနို့စို့နေတဲ့ဂွမ်းလုံးဝါလေး။ ပါးကြီးတွေဖောင်းကစ်နေသည်က တကယ်ကို အသည်းယားစရာပင်။
" အဟင်း....ပူတင်းလုံးတဲ့။ နာမည်နဲ့သိပ်လိုက်တာပဲ။ ကြည့်ပါဦး ဝင်းနှစ်နေတဲ့ပါးလုံးလုံးကြီးတွေက အသည်းယားပြီးကိုက်စားချင်စရာကြီး။ "
ဝမ်းနည်းနေတဲ့ကောင်လေးကို စကားလမ်းကြောင်းလွှဲပစ်လိုက်ပြီး နှစ်သိမ့်လိုက်သည်။ ထိုအခါ ငွေ့ရည်ဖွဲ့နေသည့်မျက်ဝန်းကွေးလေးတွေဟာ လခြမ်းလေးတွေလိုမျိူးလက်ခနဲဖြစ်သွားပြီး နှုတ်ခမ်းပါးလေးတွေကကွေးညွှတ်သွားသည်။
ESTÁS LEYENDO
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
RomanceTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)
