ep - 30 ( Unicode )

11.1K 860 21
                                    

Ep - 30

" ကဲ မေကြီးတို့သွားပြီနော် ။ "

မျက်ရည်အဝိုင်းသားနှင့်သားသားကတော့ ခေါင်းလေးမညိတ် ၊ ခေါင်းလေးမခါဘဲ ငေးကြောင်ကြောင်လေးကြည့်နေသည်။

" စိတ်ချလက်ချနဲ့သာ သွားပါအမေ ။ သားတို့အတွက် စိတ်ပူမနေပါနဲ့ ။"

" အေးအေး "

" မေကြီးရေ ပစ္စည်းတွေကားပေါ်ရောက်နေပြီ ။ သွားရအောင်လေ ။ "

" လာပြီ လာပြီ ဖေကြီး ။ "

နောက်ဆံတတင်းတင်းဖြစ်နေသည့်အမေဟာ အဖေ့ခေါ်သံကြားမှပဲ သူတို့အနားမှထွက်သွားတော့သည်။ထို့နောက် ကားဖြူလေးဟာလည်း သူ့တို့မျက်စိရှေ့မှ တရွေ့ရွေ့မှုန်ဝါးသွားလေသည်။

" ဟင့်......အီးဟီး..."

ကားလေးရဲ့အရိပ်အယောင်ပျောက်သွားမှ အသံတိုးတိုးဖြင့်ငိုချလိုက်သည့်သားသား။ သူ အပြုံးတစ်ခုဖြင့် ခေါင်းလုံးဖွာဖွာလေးကို ရင်ဘတ်နားဆွဲကပ်ထားလိုက်သည်။

" အဟက်...ကလေးလေးက အခုထိမျက်ရည်လွယ်တုန်းလား? "

သူ့စနေတာကိုတောင်မှ ထိုပေါက်စီလုံးဆီမှ စကားသံထွက်မလာခဲ့။ နှာခေါင်းလေးတရှုံ့ရှုံ့ဖြင့်သာ ရှိုက်ငိုနေလေသည်။သူသည်လည်း စုတ်ဖွာနေသည့်ခေါင်းလုံးလုံးလေးမှ ဆံပင်ခွေကောက်ကောက်လေးများကိုသာ ဖိသပ်ချရင်း ထိုကလေးအငိုတိတ်သည်အထိစောင့်နေပေးလိုက်သည်။

အမေတို့နှင့််မခွဲဖူးသည့်သားသားကတော့ ကလေးငယ်များလို ဝမ်းပန်းတနည်းဖြင့် သူ့ရင်ခွင်ထဲ၌ အချိန်ကြာကြာငိုကြွေးနေခဲ့ပါ၏။
သားသားဆိုတဲ့အဆိုးလေးက အခုလိုလည်းမျက်ရည်လွယ်သေးတာ။
တကယ်ကို ကလေးပေါက်စနလေးအတိုင်း။

✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨

အားရပါးရငိုပြီးတာနှင့် ငေးတိငေးမှိုင်ဖြစ်သွားသည့်ပေါက်စီလုံးအား ကျောင်းကိုမလွှတ်တော့ဘဲ သူနှင့်အတူ ကုမ္ပဏီကိုသာခေါ်ခဲ့လိုက်တော့သည်။ အခုတော့ အခန်းထောင့်ရှိ ဆိုဖာခုံလေးမှာ တစ်ယောက်တည်းဂိမ်းဆော့နေလေရဲ့။

သူ အလုပ်လုပ်နေရင်း ခဏခဏ လှမ်းကြည့်နေမိသည်။သားသားကတော့ ဒါကိုမသိ။အဖြူရောင်ဘောင်းဘီတိုလေးကို အဝါနုရောင်တီရှပ်ဖျော့ဖျော့လေးဖြင့် တွဲဖက်ဝတ်ဆင်ထားသည်မို့ သားသား၏ပုံစံက တက္ကသိုလ်ကျောင်းသားပါလို့ပြောရင်တောင် ယုံနိုင်ဖွယ်မရှိ။တကယ်ကို အလယ်တန်းကျောင်းသားလေးသဖွယ် ဖြစ်နေသေးသည်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now