intro (Unicode)

67.6K 2.4K 24
                                    

နိဒါန်း

" ကိုကိုရေ!! ထတော့ဗျို့!! "

နွေဘုန်းခတစ်ယောက် ရင်ဘတ်ပေါ်ကလေးလံမှုနှင့် အသံစူးစူးကို တစ်ပြိုင်နက်တည်းကြားလိုက်ရချိန် အိပ်မက်ကမ္ဘာထဲမှလွှင့်ပစ်ခံလိုက်ရသလို ရှိသမျှအသိအာရုံတွေပွင့်ထွက်ကုန်သည်။ကြောက်လန့်တကြားပွင့်လာတဲ့ မျက်လုံးတွေက သူ့ရင်ဘတ်ပေါ်တွင်ပြားကပ်နေသော အကောင်ပေါက်ကိုမြင်မှ တစ်ဖန်ပြန်လည်မှိတ်ပစ်လိုက်ပြီး လေးထောင့်ဆန်ချင်ချင်မျက်နှာတစ်ခုလုံး ရှုံ့တွသွားတဲ့အထိ မဲ့ပစ်လိုက်မိ၏။

" ထတော့ဆို! ဒီနေ့ သား ကျောင်းသွားရမှာလေဗျာ ။ လိုက်ပို့ပေးမယ်ဆိုပြီး ပြောတာ ဘယ်သူတုံး"

အခုထိသူ့ရင်ဘတ်ပေါ်မှမခွာသေးဘဲ တောက်တဲ့လုပ်နေသည့် သားသားကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာလာသလိုတောင် ခံစားလိုက်ရသည်။
ဒီအဆိုးလေးကြောင့် သူ့မနက်ခင်းတွေ မအေးချမ်းခဲ့သည်မှာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲလေ။
သို့ပေမဲ့ အခုထိအကျင့်မဖြစ်သေး။

" ကိုကိုလို့! "

ဒီတစ်ကြိမ်တွင်တော့ အသံပါမဟုတ်၊ လက်တွေပါ ပါလာသည်။တင်းရင်းချောမွေ့သော ပါးနှစ်ဖက်ကို လက်သေးသေးလေးတွေနဲ့အတင်းဆွဲဖဲ့လေတော့ နွေဘုန်းခ,ခမျာ နာကျင်မှုကြောင့် အတင်းဖိပိတ်ထားတဲ့ မျက်လုံးတွေကို ပြူးဖွင့်လာတော့သည်။

" နာတယ်ကွ! ဘာလို့အတင်းနှောက်ယှက်နေတာလဲ သားသားရာ ။ အခုမှ အစောကြီးရှိသေးတာလေ "

ပါးပေါ်ကလက်တွေကိုဖယ်ချပြီး မကျေနပ်သံဖြင့် ပြောလိုက်မိသည်။သို့သော်လည်း အခုချိန်ထိ သူ့အပေါ်ခွထိုင်နေရာမှ မထသေးသည့်သားသားကြောင့် သူ့စိတ်တွေအတော်လေးညစ်နွမ်းသွားရသည်။စူပုပ်ပုပ်ကလေးနဲ့ စိုက်ကြည့်ပြီး ငြိမ်သွားတဲ့အဆိုးလေးက သူ့အပေါ်မှထသွားမည့်သဘောမရှိကြောင်းကိုလည်း သူကောင်းကောင်းကြီးသဘောပေါက်လိုက်သည်။

" ကိုကိုက သားကိုဆူတယ်"

မျက်နှာလေးမဲ့ပြီး ငိုသံပါ,ပါလာသည်မို့ နွေဘုန်းခ အလန့်တကြားဖြစ်သွားပြီး သူ့ကိုယ်ပေါ်ကအဆိုးလေးကို ဆွဲယူကာ ရင်ဘတ်ချင်းကပ်ပစ်လိုက်သည်။ပြီးနောက် တောက်တဲ့တစ်ကောင်လို သူ့ကိုယ်ကြီးပေါ်တွင် ဝမ်းလျားမှောက်ပြားကပ်နေသော အဆိုးလေးကို ကျောလေးပွတ်ကာ ချော့မြူနေရ၏။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ