Yellow rabbit's family part 2.
ဒေါက်! ဒေါက်!
" ဝင်ခဲ့ "
ပါးစပ်ကသာပြောပြီး မျက်လုံးတွေကတော့ အလုပ်လုပ်နေဆဲ။ထိုအချိန် Computerဆီမှာသာရှိနေသည့်သူ့အကြည့်တွေအားလုံးဟာ ခပ်သင်းသင်းမွှေးပျံ့လာသောသနပ်ခါးအနံ့ကြောင့် တံခါးဝဆီသို့ ဖျတ်ခနဲရွေ့လျားသွားသည်။
" သားသားတို့ "
အဟုတ်ပင်။
အဝါရောင်ဝမ်းဆက်ကလေးများနှင့် ချစ်စရာကောင်းချင်တိုင်း ကောင်းနေသည့် ကလေးသားအဖက သူ့ကိုပြုံးကြည့်ပြီး ခပ်ဖြည်းဖြည်းလေးလျှောက်လာသည်။လက်တစ်ဖက်ကလည်း ခြင်းလေးတစ်ခုကိုဆွဲ၍။
" အိမ်မှာနေရတာ ပျင်းလာလို့ ကိုကို့ဆီလာခဲ့တာ။ ကိုကိုအလုပ်ရှုပ်နေတာလား? "
ရင်ခွင်၌ပွေ့ထားသည့်ယုန်ဝါပေါက်ကတော့ သူ့ကိုမြင်သည်နှင့် သွားလေးတွေပေါ်သည်အထိရယ်ပြလာသည်။တကယ်ကိုအူယားစရာလေးပင်။ ပါးဖောင်းဖောင်းကြီးတွေက ပြည့်ဖောင်းလို့။
" အများကြီးမရှုပ်ပါဘူးကွာ ။ လာပါဦး ဖေကြီးချစ်ဆုံးရဲ့ ။ မွှေးမွှေးပေးချင်လို့ "
ဆုံလည်ခုံမှ ထရပ်ရင်း ဖုန်းခလက်တွေထဲက ယုန်ဝါပေါက်ကို လက်ပြောင်းယူကာ ပါးပြင်ခပ်ဖောင်းဖောင်းကြီးတွေထဲ သူ့နှာခေါင်းချွန်ချွန်အား တစ်ဆုံးထိနစ်ဝင်ပစ်လိုက်သည်။ထိုသည်ကို ယုန်ဝါပေါက်လေးက သဘောကျစွာ တခစ်ခစ်ရယ်နေလေရဲ့။သူ့နှာခေါင်းဝ၌လည်း မွှေးပျံ့သောသနပ်ခါးနံ့က ခပ်သင်းသင်းနှင့်။
" ကလေးလေးအဖေကိုလည်း မွှေးမွှေးပေးချင်လို့ ။ ကိုယ့်အနားကပ်ပါဦးလားဗျ "
ပြုံးစစဖြင့်သူဆိုတော့ မျက်စောင်းလေးပင့်ပြီး ပါးလေးထိုးပေးလာသည့် သူ့အသည်းအသက်။
" ဟွန့် ။ ကိုကိုလူဆိုး ။ သားတို့သားအဖတွေကို အသားယူနေတာလား? "
လေသံလေးမပွင့်တပွင့်ပြောထွက်နေသည့် နှုတ်ခမ်းပါးလျလျလေးတွေ လျှပ်တစ်ပြက်ဖိနမ်းလိုက်တော့ မျက်လုံးလေးပြူးပြီးကြည့်လာသည်။လက်တစ်ဖက်ကလည်း အနမ်းခံလိုက်ရတဲ့နှုတ်ခမ်းရဲရဲလေးကို ပိတ်လို့။
BẠN ĐANG ĐỌC
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
Lãng mạnTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)
