ep - 55 ( Unicode ) [ Final ]

16.5K 666 17
                                    


🔞🔞🔞🔞🔞

Ep - 55

ခြံဝန်းတံခါးလေးကိုတွန်းဖွင့်ကာ အထဲဝင်လိုက်သည်နှင့် မွှေးပျံ့သောပန်းရနံ့သင်းသင်းလေးကို ရှူရှိုက်လိုက်ရသည်။ ကျောက်ခဲလေးများဖြင့်စီရီစွာရှိနေသော လူသွားလမ်းလေးအတိုင်း တစ်ယောက်တည်းခပ်မှန်မှန်လျှောက်လာလိုက်ရင်း ဘေးပတ်ဝန်းကျင်ကိုအကဲခတ်နေလိုက်သည်။

တကယ်ကို ဤခြံဝန်းလေးကလှပါ၏။ ခြံဝန်းကကျယ်ပေမဲ့ အပြာနုရောင်တစ်ထပ်တိုက်ကလေးကို နောက်တိုးဆောက်ထားပြီး အရှေ့မှာ ပန်းပင်တွေအတန်းလိုက်စိုက်ပျိုးထားသည်။ လမ်းကိုလည်း ကားအတွက်ကတစ်လမ်းသီးသန့်ထားပြီး သက်သက်လူသွားလမ်းကျဥ်းလေးလည်းရှိသည်မို့ ညနေစောင်းတွေမှာ လမ်းလျှောက်ရင်းလေညှင်းခံဖို့ကောင်းသည့်အခြေအနေပင်။ ထိုနေရာလေးမှာပဲ ရပ်ပြီးငေးနေစဥ် မှတ်မိနေကျခြေသံသဲ့သဲ့နှင့်အတူ သူ၏ခန္ဓာကိုယ်လေးသည်လည်း နောက်ကျောဘက်မှတစ်စုံတစ်ဦး၏ညင်သာစွာထွေးဖက်ခြင်းကို ခံလိုက်ရသည်။

" သားသားက ကိုကို့ကိုတောင် မစောင့်ဘူးကွာ။ "

နားရွက်ဖျားလေးတွင်ရိုက်ခတ်လာသောလေနွေးနွေးကြောင့် ခေါင်းကိုအနောက်သို့စောင်းငဲ့ပြီး အလိုမကျသည့်ရုပ်နှင့်ကိုကို့ကို ချစ်စဖွယ်ပြုံးပြလိုက်မိသည်။

" ကိုကိုက ဖုန်းပြောနေတာကို သားကမနှောင့်ယှက်ချင်လို့ပါနော်။ သူကဖြင့် သားထက် ဖုန်းကိုပဲဂရုစိုက်နေတာများ ဟွင့် "

" အရေးကြီးတဲ့အလုပ်ကိစ္စမလို့ပေါ့ကွ ။ မဟုတ်ရင် ကိုကိုက ဂရုစိုက်မယ်ထင်လို့လား။ "

" သိဘူးလေ ။ ကိုကိုက အခုရက်ပိုင်း ငွေပွားဖို့ပဲတွေးနေတာဆိုတော့။ သားထက် ငွေကိုများပိုချစ်သွားပြီလားလို့။ ရတယ်နော်။ ကိုကိုသာငွေတွေချည့်လှိမ့်ရှာနေရင် သားကလည်း ငွေတွေချည့်လှိမ့်သုံးပစ်မှာဗျ။ဂရုမစိုက်လည်းနေပေါ့။ "

မျက်နှာလေးပင့်ချီကာ နွဲ့ဆိုးဆိုးတော့ အလိုလိုက်ခြင်းနှင့်အကျွမ်းတဝင်ရှိနေသည့်ဒီလူမှာလည်း ဖောင်းအိနေသည့်ပါးကြီးတွေခွက်သွားသည်အထိ နမ်းကာချစ်ပေးမိတော့သည်။
ဆိုးစမ်း ကလေးငယ်~~
မင်းဆိုးနိုင်တဲ့အထိ ကိုယ်ချစ်ပေးပစ်မယ်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Donde viven las historias. Descúbrelo ahora