ep-7 ( Unicode)

14.5K 1.3K 18
                                    

ep-7

ကျွီ!

" ကိုကို...."

ခေါင်းလေးတင်အရင်ပြူထွက်ပြလာသည့်အကောင်ပေါက်စနလေးကို သူလှည့်ကြည့်ပြီး တံခါးနောက်မှအသာဆွဲထုတ်လိုက်သည်။သို့သော် ယက်ကန်ယက်ကန်လုပ်နေသည်ကြောင့် သူခဏတွေဝေသွားရသည်။

" ကိုကို့ဘောင်းဘီက ဝတ်လို့ရဘူး ။ ဟီး...ဝတ်တော့ဘူးနော် "

သူနှင့်ငယ်နေသောတီရှပ်က သားသား၏ကိုယ်လုံးပုပုလေးကိုတော့ဖြင့် အလုံအခြုံကာကွယ်ပေးနိုင်လေသည်။လက်တစ်ဖက်က သူ့ဘောင်းဘီတိုကိုမြှောက်ကာမြှောက်ကာဖြင့် သွားအဖြီးသားရယ်ပြနေပုံက ချစ်စရာကောင်းလွန်းလို့ သူ့သွားတွေပါယားလာသည်။

" မင်းလေးကတော့လေ.."

သူ့မျက်နှာထက် အပြုံးတို့ပြန်လည်ဖြစ်ပေါ်သည်။ထိုတော့မှ သူနားလည်လိုက်သည်။သူဘယ်လောက်ဒေါသထွက်နေပါစေ ၊ စိတ်တိုနေသည်ဖြစ်ပါစေ ဤကလေးငယ်၏အပြုံးမြင်တာနဲ့ ချက်ချင်းစိတ်ပြေနိုင်သည်ဆိုတာ။

ကိုကိုတော့ မင်းလေးကြောင့် အဟုတ်ကိုရူးတော့မယ်ထင်ပါရဲ့ သားသားရေ~~~

" ဟီး...သားသားကို စိတ်ဆိုးတော့ဘူးမလားဟင်...။ နောက်တစ်ခါ အဲ့လိုဟာတွေမဝတ်တော့ဘူးလေနော်....ကိုကို "

သူ စိတ်ဆိုးချင်ယောင်ထပ်ဆောင်ပြီး ကုတင်ပေါ်ကိုသွားထိုင်တော့ နောက်မှတကောက်ကောက်ပါလာပါသော ပေါက်စန။

" သားသားကလေ အဲ့တာကြီးမဝတ်ချင်ပါဘူး ။ မကြီးကို သားသားကချစ်လို့ ဝတ်ပြတာ ။ ကိုကိုမကြိုက်ရင် နောက်မဝတ်တော့ဘူးနော် ။ သားသားကို စိတ်ကောက်တော့နဲ့ ၊ ကိုကို့ကို မွှေးမွှေးပေးမယ်လေ ။ အာ..."

သူ့ရင်ခွင်ထဲရောက်လုမတတ်ဖြစ်နေသော ထိုပေါက်စနအား မျက်နှာလွှဲမိချိန် သူ့ပါးပေါ်သို့ကျရောက်လာသော အနမ်းတစ်ပွင့်။

" ချစ်တယ်နော် ကိုကို "

သွားဖြူဖြူလေးတွေအကုန်ပေါ်သည်အထိ မျက်နှာချိုလည်းသွေးတတ်သေးသည်။
တကယ်ပါ။အပိုပြောတာမဟုတ်။
တစ်နေ့တစ်နေ့ အရွယ်နဲ့မလိုက်အောင်တတ်လွန်းလာသည့်ကလေးငယ်အား သူအသေအသည်းယားလို့နေခြင်းဟာ ဘယ်လိုကြောင့်လဲ အဖြေရှာလို့မရ။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Tahanan ng mga kuwento. Tumuklas ngayon