ep - 37 ( Unicode )

11.3K 847 12
                                    

Ep - 37

" အဲ့တော့ မင်းတို့တွေ ဖြစ်ပြီးကြပြီပေါ့။ "

" အေး "

" တကယ်ကြီးကို ဖြစ်သွားခဲ့တာပေါ့ ။ မမျှော်လင့်ဘဲ ။ "

" မျှော်တော့မျှော်လင့်တာပေါ့ကွ ။ ဒါပေမဲ့ အဲ့ထက်စောသွားတာ။ တကယ်ကြီး ကိုကိုနဲ့ ငါက "

ပြောရင်း မျက်နှာရဲလေးဖြင့် အောက်ငုံ့သွားသည့်ငခကိုကြည့်ပြီး မြင့်မိုရ်ရိပ်ပြုံးပြုံးကြီးလုပ်နေလိုက်သည်။
ဟားဟား...နောက်ဆုံးတော့ မင်းလည်း လူမပျိုတော့ဘူးပေါ့ ငခရာ။ ငါနဲ့လယ်ဗယ်တူသွားပြီ။

" ငရိပ် စောက်ကလေး။ အဲ့အပြုံးကြီး ငါသိတယ်။ "

" ဟီး....သိရင် သိသလိုနေလေ ။ ဘောမလို့ လာဆဲတာလား? "

မျက်မှောင်ကုပ်ပြီးကြည့်နေသည့် နေဖုန်းခဆိုတဲ့လူမပျိုလေးကို သွားတစ်ချက်ဖြဲပြကာ သူပြန်ဆဲပေးလိုက်သည်။
ဒီလိုပါပဲ။ သူတို့နှစ်ယောက်လုံးဆုံရင် စကားပြောတာထက် ဆဲတာကပိုများနေတတ်သည်။ အရင်းနှီးဆုံးသူငယ်ချင်းတွေဆိုတာ ပိုပြီးဆက်ဆံရေးခိုင်မြဲအောင် ခဏခဏဆဲပေးရတယ်တဲ့လေ။ ဥပမာ..." ခွေးကောင် ငခ ကျောင်းလာတာနောက်ကျလိုက်တာ " စသည်ဖြင့်နှုတ်ဆက်စကားဆိုသလိုမျိုးပေါ့။

" အေး လုပ်နေ ။ အတန်းနောက်ကျတော့မယ် ။ "

" မင်းကလည်း ။ ပြီးပါပြီ ။ ဒါလေးပဲ ကျန်တော့တာ။ "

ဒါလေးပဲ။ ဟုတ်ပါတယ်။
အသီးဖျော်ရည်တစ်ခွက် ၊ ပေါင်မုန့်နို့ဆမ်းတစ်ပွဲ ၊ ရှမ်းခေါက်ဆွဲစားလက်စနဲ့ ဟော့တော့တစ်ပန်းကန်။
မြင့်မိုရ်ရိပ်ပြောတဲ့ ဒါလေးပဲဆိုတာ အဲ့ဒါလေးပါပဲ။ သိပ်များတယ်တော့ မဟုတ်ပါဘူး။

✨✨✨✨✨✨✨✨✨✨✨✨✨✨✨

အခုရက်ပိုင်း သားသားတစ်ယောက် နေရ ၊ ထိုင်ရတာ သက်တောင်သက်သာမဖြစ်ဟု ခံစားနေရသည်။ ခေါင်းပဲမူးနေသလိုလို ၊ ရင်တွေပဲတလှပ်လှပ်ဖြစ်နေသလိုလို။ အစားအသောက်လည်း သိပ်မစားချင်ဘဲဖြစ်နေသည်။ ဟိုနေ့က မကြီးဝယ်လာပေးသည့်လိမ္မော်သီးတောင် တစ်လုံးပဲကုန်အောင်စားနိုင်လိုက်သည်။ နောက်ထပ်အလုံးများကိုပင် မထိကြည့်မိ။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Waar verhalen tot leven komen. Ontdek het nu