ep - 18 ( Unicode)

13.1K 1K 5
                                    

Ep - 18

" မင်းတို့တွေ ညီအစ်ကိုတွေထက်ပိုပြီး ရင်းနှီးနေကြတယ်မလား မောင်လေး "

သူ မကြီးကို အထူးအဆန်းသဖွယ်ငေးကြည့်ရင်း ငြိမ်သက်နေမိသည်။မကြီးကတော့ သူ့ကို နားလည်သောအပြုံးတွေနဲ့ နှစ်သိမ့်လို့သာ။

" မကြီး ကျွန်တော်..."

" အင်း မကြီးသိတယ် ။ ဟိုနေ့က မင်းရဲ့အခန်းကို မကြီးရောက်ခဲ့ပြီးပြီလေ။ပြီးတော့ မကြီးက ကိုယ့်မောင်လေးကို အဲ့လောက်ထိနားမလည်မယ့်သူမျိုးမဟုတ်ဘူးလေကွာ။ "

ပွင့်လင်းသည့်မကြီးသည် သူ့ကို တိုက်ရိုက်ပဲဆွေးနွေးလို့ နေသည်။သူ့အတွက်တော့ အခုအခြေအနေကြီးကို မယုံနိုင်သေး။

" မင်း ဒီကလေးလေးရောက်ကတည်းက ပြောင်းလဲသွားတယ် မောင်လေး ။ အရင်တုန်းက ပုံစံနဲ့လုံးဝကွဲထွက်သွားတယ်။ကလေးမြင်တိုင်း နှာခေါင်းရှုံ့ပြီး ခပ်ဝေးဝေးရှောင်တတ်တဲ့မင်းက သားသားကိုတော့ သိပ်ပြီးအလိုလိုက်ပေးခဲ့တယ်။အရမ်း ချစ်ပေးခဲ့တယ်။ဒီကလေးမျက်နှာလေးညှိုးတာနဲ့ မင်းမနေတတ်တော့ဘူး။ဒီကလေး တစ်ခုခုဖြစ်တာနဲ့တင် မင်းကမျက်ရည်ကျတတ်နေခဲ့ပြီ။မင်းက မကြီးထက် ဒီကလေးကိုပိုပြီးဂရုစိုက်တတ်ခဲ့တယ်။အဲ့ဒီကတည်းက မကြီးရိပ်မိနေခဲ့တာ။မင်းဘဝမှာ ဒီကလေးမရှိရင်မဖြစ်တော့ဘူးဆိုတာကို။ "

မကြီး၏လက်တစ်ဖက်က သူ၏ပါးပြင်ပေါ်ကမျက်ရည်တွေကို သုတ်ပေးလို့နေသည်။အဲ့တော့မှ သူ့ကိုယ်သူသတိထားမိလိုက်၏။သူ ငိုနေခဲ့သည်ပဲ။

" အမေတို့ကို မကြီးကိုယ်တိုင်အသိပေးမယ် "

" ဟင့်အင် ။ မပြောပါသေးနဲ့ဦး မကြီး။ ကျွန်တော်ကအဆင်သင့်ဖြစ်နေပေမဲ့ သားသားအတွက်က "

သူ သားသားရှိရာသို့ တစ်ခဏလှည့်ကြည့်မိသည်။အပူအပင်ကင်းတဲ့ကလေးလေးကတော့ စိုးရိမ်ခြင်းကင်းစွာအိပ်ပျော်နေဆဲ။

" မင်း စိတ်ပူနေတာကို မကြီးသိပါတယ်။ ဒါပေမဲ့ မကြီးတို့အကြာကြီး ဖုံးထားလို့မရဘူး မောင်လေး။ တကယ်လို့သာ မကြီးတို့မပြောပြခင်လေး အမေတို့သိသွားရင် ဘယ်လိုလုပ်ပြီးကောင်းမလဲ? အမေတို့ကလည်း အရမ်းကြီးကန့်ကွက်မယ်လို့ မကြီးတော့မထင်ဘူး။သူတို့လည်း သားသားကိုအရမ်းချစ်ကြတာပဲလေ "

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now