ep - 38 ( Unicode )

11.4K 832 8
                                    

Ep - 38

အကြောင်းအရာအဖြစ်အပျက်အလုံးစုံကို ကြားသိရပြီးနောက် ဒေါ်ဝေဝေနှင်းတစ်ယောက် ဘာကိုမှပင်ပြန်မပြောနိုင်တော့။ တောင်းပန်နေသည့်မျက်နှာငယ်လေးများနှင့် မောင်နှစ်မနှစ်ယောက်ကိုသာကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းရှည်ကြီးကိုသာ ချလိုက်မိသည်။

" ကလေးတွေရဲ့အမှားဆိုပေမဲ့ သမီးရဲ့အပြစ်လည်းပါပါတယ် အမေ။ သမီး သူတို့ကို ကြည့်ရှုစောင့်ရှောက်မှုအားနည်းခဲ့တယ်ထင်တယ်။ တောင်းပန်ပါတယ် အမေ ။ သားသားတို့ကို ခွင့်ပြုပေးလိုက်ပါနော်။"

" သမီးရယ် ။ အမေလည်း သားသားတို့ကို မခွဲရက်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စက သမီးပြောသလောက်မလွယ်ဘူးလေကွယ် ။အမေကခွင့်ပြုပေးနိုင်တယ်ထားဦး ။ တကယ်လို့ ဖေကြီးကသာ ဒါကိုသိသွားရင် ။ "

" ဖေကြီးကို လက်ခံလာအောင် သမီးတို့ဝိုင်းပြောကြမယ်လေ အမေ။ အဖေက သားသားကိုအချစ်ဆုံးလေအမေရဲ့။ သူ လက်မခံနိုင်ဘူးဆိုရင်တောင်မှ သိပ်အပြင်းအထန်ကြီးတော့ ကန့်ကွက်လောက်မှာမဟုတ်ပါဘူး။ "

စိတ်အားထက်သန်စွာပြောပြနေသည့်သမီးကြီးကိုသာ သူမခပ်ငေးငေးလေးကြည့်နေလိုက်သည်။ စိတ်ထဲမှာတော့ အတွေးများကပြည့်နက်နေဆဲ။ ခင်ပွန်းသည်က စိတ်သဘောထားပြည့်ဝတာမှန်ပေမဲ့ အခုဟာက နည်းနည်းတော့ ထူးဆန်းနေတာမို့ လက်မခံဘဲ ပြဿနာပိုကြီးသွားမှာကို စိုးသည်။ ဒါ့အပြင် သားသားတို့ကိုသာ နာကျင်စေခဲ့ရင်....။
အို....သူမ ရင်တွေပူလိုက်တာ။ သူမကလေးတွေ မျက်ရည်မကျဖို့ သူမတစ်ခုခုကို အသေအချာဆုံးဖြတ်မှရတော့မည်။ ဟုတ်တယ်။ သူမက အမေတစ်ယောက်ဖြစ်လို့ သားသမီးတွေကို ပျော်ရွှင်စေဖို့တာဝန် သူမမှာအပြည့်အဝရှိတယ်။

" အမေ ။ အမေ ဘာတွေတွေးနေတာလဲ? "

" ဟင်...သမီး ။ "

" သမီးတို့ အဖေ့ဆီကိုသွားကြရအောင်လို့။ "

အတွေးထဲမျောနေသည့်သူမကို လက်ရှိပစ္စုပ္ပန်သို့ ရောက်အောင်ဆွဲခေါ်လိုက်သည့် ထိုစကား။
သူမနှလုံးအိမ်မှာလည်း လှိုင်းတချို့တုန်ခါသွားသည်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now