ep - 50 ( Unicode )

10.3K 626 5
                                    

Ep - 50

ပုခက်ထဲကပူတင်းလုံးလေးသည် အိပ်ရာကနိုးတာနှင့် တအဲ့အဲ့အော်ဟစ်ငိုနေတာကြောင့် အခန်းထဲရှိနွေဘုန်းခခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေ၏။ မကြီးကလည်းအရေးတကြီးကိစ္စကြောင့် ဆိုင်ကိုပြန်သွားလေပြီ။ အဖေက လိုအပ်တာတွေယူဖို့အိမ်ကိုခဏပြန်သွားတာဖြစ်ပြီး အမေက စောစောကမှသန့်စင်ခန်းသွားတာ။ အခု အခန်းထဲမှာက သူရယ်၊ သားသားရယ်နဲ့ပူတင်းလုံးပဲရှိနေ၏။

" ကိုကို့ ပူတင်းလုံးလေးကိုချီပြီး သားဆီကိုပေးပါလား။ သူလေး နို့်ဆာလို့ထင်တယ်။ ငိုနေတာအကျယ်ကြီးပဲ။ ဟင့်.."

ကလေးကိုတောင်းရင်း ဟင့်ခနဲငိုချလိုက်သည့်ဖုန်းခကြောင့် နွေဘုန်းခပါ ရူးချင်သွားတော့သည်။ မွေးထားတာမှနာရီပိုင်းလောက်ပဲရှိသေးတာမို့ ထိုပူတင်းပြဲလေးကို သူမချီရဲပါ။ပြီးတော့ ချီလည်းမချီတတ်။ ဝါသေးသေးပူတင်းလုံးလေးကလည်း အော်လိုက်တာများ အသံကိုပြဲလို့။

" ဟို ကိုကိုမချီရဲဘူး သားသား။ ပူတင်းလုံးလေးက အခုမှနုနုလေးရှိသေးတယ်လေ။ "

" အီး......သား အခုဘာလုပ်ရမလဲ ကိုကို။ သားကနို့လည်းမထွက်ဘူး။ပူတင်းလုံးလေးအငိုတိတ်အောင် သားဘယ်လိုလုပ်ပေးရမှာလဲ? ဟင့် ။ "

" အူဝဲးးးးးးးးး"

ပြိုင်ငိုနေကြသည့်ကလေးသားအဖကြားမှာ သူတစ်ယောက်တည်း ဒုက္ခတွေရောက်နေ၏။
ဘယ်သူ့ကိုချော့လို့ချော့ရမှန်းမသိတော့ ကုတင်နဲ့ပုခက်အလယ်မှာရပ်ပြီး ခေါင်းကုပ်ကာဖြင့် ဘုရားစာသာရွတ်နေလိုက်သည်။
ခဏကြာတော့ တံခါးဖွင့်သံနှင့်အတူ အမေနဲ့သူနာပြုတစ်ယောက် အခန်းထဲသို့အမြန်ဝင်လာကြသည်။ ထိုအခါမှ သူသက်ပြင်းချပြီး သူနာပြုရှိရာသို့အမြန်ပြေးသွားလိုက်ကာ

" ဆရာမ ကလေးကနို့ဆာတာကို ဘယ်လိုလုပ်ရမလဲဟင်။ "

" ရှင် ! "

သူနာပြုမလေးမှာ နွေဘုန်းခ၏အဆီအလျော်မတည့်သောအမေးကြောင့် ကလေးကိုပွေ့ချီနေရင်းမှ မျက်လုံးလေးဝိုင်းပြီး မော့ကြည့်လို့လာသည်။

" ဟဲ့ သားနွေ ။ ဘယ်လိုတွေသွားမေးနေတာလဲ? ဟို ဆရာမ ဒီလိုပါ။ ကလေးအတွက် မိခင်နို့ကို ဘယ်လိုလုပ်ရင်ရနိုင်မလဲ? အဲ့ဒါလေး .."

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now