yellow rabbit's family part 1

9.6K 506 6
                                    

yellow rabbit's family part 1.

" ဘု..ပါး ။ ဘု..ပါး "

ငုတ်တုတ်ထိုင်လျက်ကနေ လက်တမြှောက်မြှောက်လုပ်နေပါသော ယုန်ပေါက်ဝါလေး။ပါးစပ်ကလေးကလည်း အခုလိုပဲ ဘာတွေအော်နေမှန်းမသိ။

" ချစ်မွှေးတုံးရေ ။ ပါးပါးကို မွှေးမွှေးပေးပါဦး "
သားသားက ဝမ်းလျားမှောက်ရပ်ကနေ သူ့ယုန်ပေါက်ဝါလေးအနားတိုးပြီး သူ့ပါးပြင်ဖောင်းဖောင်းကို လက်ညှိုးနဲ့ထိုးပြသည်။ဟိုယုန်ပေါက်ဝါကတော့ ဘုပါး ဘုပါး နဲ့သာ ခေါင်းလှုပ် ၊ ခြေလှုပ်ဖြစ်နေဆဲ။

" ဟိတ် ယုန်ဝါပေါက် ။ "

ကြာတော့ သားသားကစိတ်မရှည်တော့ဟန်ဖြင့် မျက်မှောင်ကုပ်ကာ လှမ်းအော်တော့သည်။ထိုအခါ စောစောက လက်လှုပ်၊ ခြေလှုပ် အော်ဟစ်နေသော ယုန်ပေါက်ဝါလေးက ငြိမ်သွားပြီး သူ့ပါးပါးဘက်ကို မျက်လုံးလေးပြူးပြီး ကြည့်လို့လာသည်။

" ဒီမှာ ။ ဒီမှာ...ဒီကိုလာနမ်းလှည့် "

သူ့ပါးသူ လက်ညှိုးလေးထိုးပြီး အနမ်းတောင်းနေသော သားသားကို ယုန်ပေါက်ဝါကလေးကတော့ မသိသလိုသာပြူးကြောင်ကြောင်ငေးလို့နေနေဆဲဖြစ်သည်။
ခဏကြာတော့ ဖင်လေးတရွတ်ဆွဲကာ သူ့ပါးပါးအနားကို တရွေ့ရွေ့ရောက်သွားလေရဲ့။

" အူးးးမွ။ ချစ်လိုက်တာ ချစ်မွှေးတုံးရာ။ပါးပါး အသည်းတုံးလေး "

ယုန်ပေါက်ဝါကလေးအနားရောက်တော့ သားသားက အတင်းပွေ့ပိုက်ပြီး ပါးပြင်ဖောင်းဖောင်းသေးသေးလေးတွေကို တရှုံ့ရှုံ့မွေးကြူနေတော့သည်။သူ့မှာ အလုပ်ကပြန်ရောက်ရောက်ချင်း အမောတောင်ပြေသွားသလို။ထိုမြင်ကွင်းဟာ သိပ်ကိုချစ်စရာကောင်းသည်မို့။

" ကလေးသားအဖရေ ကိုယ်ရောက်ပြီ "

အိမ်ရှေ့လှေကားထစ်မှာ ဖိနပ်ချွတ်ရင်း သူ အသံပေးလိုက်တော့ ထွက်လာသည့်အသံတွေက ဆူညံစွာ။

" ဟေ့...ယုန်ဝါပေါက်ဖေကြီး ပြန်လာပြီကွ "

" ဘု..ပါး ။ ဘု..ပါး ။ "

ထုံးစံအတိုင်း ထိုကလေးသားအဖအနား အမြန်သွားပြီး နှစ်ယောက်လုံးကိုသိမ်းဖက်ထားလိုက်တော့သည်။ဒါလေးတွေက သူ့ရဲ့အမောပြေဆေးလေးတွေလေ။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Tempat cerita menjadi hidup. Temukan sekarang