ep - 49 ( Unicode )

9.6K 677 11
                                    

Ep - 49

ခွဲခန်း၏ရှေ့တွင် တောင်လျှောက်လိုက် ၊ မြောက်လျှောက်လိုက်ဖြင့် ဂနာမငြိမ်ဖြစ်နေသော နွေဘုန်းခ။ ပါးစပ်ကလည်း ရသမျှဘုရားစာတွေရွတ်နေသည်။ သို့သော် ရွတ်သမျှက အ​မြီးမမောက်မတည့်။
ခဏကြာတော့ သူ့ဆီကို အပြေးအလွှားရောက်ရှိလာကြသော လူတစ်စု။

" သားသားရဲ့အခြေအနေဘယ်လိုရှိလဲ? သားကြီး။ "

" မသိသေးဘူး အဖေ။ ဝင်သွားတာတော့ နာရီဝက်ကျော်နေပြီ။ "

" အမေတို့မှားတာပါ။ သားသားမွေးရက်နီးနေပြီကို သူငယ်ချင်းကိုအားနာတာနဲ့ သွားလည်မိတာ။ မဟုတ်ရင် သားတစ်ယောက်တည်းအခုလောက်အလုပ်ရှုပ်မှာမဟုတ်ဘူး။ "

" မဟုတ်တာ အမေရာ။ သားသားအတွက် ကျွန်တော့််မှာတာဝန်အရှိဆုံးပါ။ အခုလည်း သားသားက ဒီဟာကို အကောင်းဆုံးကြိုးစားနိုင်မှာပါ။ "

သူ့ကိုယ်သူအပြစ်တင်နေသည့်အမေ့ကိုဖက်ရင်း သူနှစ်သိမ့်ပြောဆိုလိုက်သည်။ သို့ပေမဲ့ သူ့စိတ်ထဲမှာတော့ လေးလံနေ၏။ ဖုန်းခကို သူအကောင်းဆုံးဂရုစိုက်စောင့်ရှောက်ခဲ့ပေမဲ့လည်း အခုချိန်မှာတော့ သူရင်မပူဘဲမနေနိုင်။

" စိတ်ကိုလျှော့ထား မောင်လေး။ မင်းအကောင်းဆုံး ပြုစုဂရုစိုက်ပေးထားတာပဲ။ အသေးလေးရော ၊ ကလေးပါ ကျန်းကျန်းမာမာနဲ့ ဒီအခန်းထဲကထွက်လာမှာပါ။ အရမ်းကြီးမပူပန်ပါနဲ့။ "

မကြီးက သူ့ပခုံးကိုပုတ်ပြီး အားပေးလာပြန်သည်။ ဖေကြီးကိုလှမ်းကြည့်တော့ စိတ်မပူနဲ့ဆိုတဲ့အကြည့်မျိုးဖြင့် ကြည့်လာပြီး ပြုံးပြကာခေါင်းညိတ်သည်။

သူ စိတ်ကိုလျှော့ချလိုက်ပြီး ပါးစပ်ထဲကလေပူတွေကို ပြင်ပသို့မှုတ်ထုတ်ပစ်လိုက်သည်။ သူ ဘယ်လိုကံတရားကိုပဲဖြစ်ဖြစ်ရင်ဆိုင်ဖို့ အဆင်သင့်ပြင်ထားလိုက်သည်။ သားသားနဲ့သူ့ရဲ့ရင်သွေးလေးဟာ ဘယ်လိုဖြစ်တည်မှုမျိုးနဲ့လာပါစေ သူလက်ခံမည်။ ကြိုတင်မသိချင်တာမို့ ဓာတ်မှန်တောင်ရိုက်မကြည့်ခဲ့တဲ့ ဒီသွေးသားလေးဟာ ယောက်ျားလေးဖြစ်ပါစေ ၊ မိန်းကလေးဖြစ်ပါစေ ၊ ကိုယ်လက်အင်္ဂါမပြည့်စုံသည်ဖြစ်ပါစေ သူကြည်ဖြူစွာပဲလက်ခံပေးနိုင်သည်။ သူ ချစ်ပေးနိုင်သည်။ တစ်ခုပဲ ဆန္ဒရှိ၏။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Tempat cerita menjadi hidup. Temukan sekarang