Extra
" နာနာ...နာနာ "
သူကိုက်ဆွဲလို့နီသွားသည့်နို့သီးခေါင်းရဲရဲလေးကို လက်ညှိုးသေးသေးလေးဖြင့် လှမ်းတို့တို့ပြီး အော်ဟစ်နေပါသည့်ယုန်ဝါပေါက်။ နေဖုန်းခ ရှုတည်တည်ဖြင့်သာ စိုက်ကြည့်နေလိုက်သည်။
" ပါးပါး နာနာ "
" အေး အဲ့နာနာက မင်းလုပ်တာလေ ယုန်ဝါပေါက်ရဲ့ ။ "
အနီရောင်ဂွမ်းအနွေးထည်အထူလေးနှင့်ယုန်ဝါပေါက်က ဆောင်းရာသီရဲ့အအေးလွန်မှုကြောင့် စောင်ပုံထဲမှာအခုထိရှိနေဆဲပင်။ ပါးနုနုလေးများဟာလည်း ရဲတွတ်လို့နေ၏။
" ခစ်ခစ်...နာနာ..ပြွတ်! "
တခစ်ခစ်ရယ်ပြတော့ ရှေ့သွားနှစ်ချောင်းက ချစ်စဖွယ်ပေါ်လာသည်။ပြီးတော့ ခပ်နီနီနို့သီးခေါင်းလေးကို သူ့လက်ပိစိရဲရဲလေးများနှင့်တို့လိုက် ၊ နှုတ်ခမ်းပါးသေးသေးလေးများနှင့် အသံမြည်အောင်စုပ်လိုက်ဖြင့် လူကိုကျီစယ်၏။
" ဟေ့ ဒီသားအဖနှစ်ယောက် တခစ်ခစ်နဲ့တည့်နေကြပါလားကွ။ ဟမ် ဘာတွေလုပ်နေကြသလဲ? "
အသံနှင့်အတူ နွေဘုန်းခက ရေချိုးခန်းမှခြေလှမ်းကျဲကြီးများနှင့် တီတီတာတာလုပ်နေသောကလေးသားအဖရှိရာအိပ်ရာဆီသို့ အလျင်အမြန်ရောက်လို့လာသည်။ သူရောက်လာသည်နှင့် စောစောကတလှုပ်လှုပ်ဖြစ်နေသည့်ယုန်ဝါပေါက်သားအဖမှာ အူမြူးနေသည့်မျက်နှာလေးများဖြင့် စောင်ကိုခေါင်းအထိ အတင်းဆွဲခြုံသွားကြသည်။
" ခစ်ခစ်...အာဘူး အာဘူး "
" ရှူးးးးး ဖေကြီးကို စရအောင် ။ တိတ်တိတ်နေ ယုန်ဝါပေါက်။ "
မျက်တောင်လေးတဖျတ်ဖျတ်ခတ်နေသည့်ယုန်ဝါပေါက်က သူ့ပါးပါးစကားကို နားထောင်သည့်အလား အသံလေးတိတ်သွားပြီး ငြိမ်ငြိမ်လေးဖြစ်သွားသည်။ နီရဲတင်းပြောင်နေသည့်နှုတ်ခမ်းပါးလေးများကတော့ သူ့ပါးပါးလုပ်နေသည့်အတိုင်း ရှေ့ကိုချွန်ထွက်နေလေ၏။
" ဟာ အဆိုးတွေပဲ ။ ဖေကြီးကို ပုန်းကြတယ်ပေါ့လေ။ မိရင် နှစ်ယောက်လုံးမလွယ်ဘူးမှတ်။ ဟင်းဟင်း! "
BẠN ĐANG ĐỌC
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
Lãng mạnTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)