ep - 22 ( Unicode)

12.8K 994 3
                                    

Ep - 22

ဗုန်း!!

အလုပ်လုပ်ဖို့ Computerကို ဖွင့်လိုက်ချိန်တွင် ကြားလိုက်ရသောရေချိုးခန်းဘက်ဆီမှ အသံကျယ်ကျယ်ကြောင့် သူ့နားထင်ကြောတွေတင်းသွားခဲ့သည်။

" ဖုန်းခ "

သားသားနာမည်ကိုရေရွတ်ပြီးနောက် သူအလောတကြီးဖြင့် အသံကြားရာဆီသို့ အပြေးလာခဲ့လိုက်သည်။ပုံမှန်ထက်ပိုမြန်နေသောနှလုံးခုန်သံနှင့် ရေချိုးခန်းတံခါးကိုဇွတ်အတင်း ဆွဲဖွင့်လိုက်ချိန်မှာတော့

" ကိုကို့...ဟင့် "

အဖြူရောင်ဘောင်းဘီတိုလေးနဲ့ သားသားဟာ သူ့ခြေသလုံးဖြူဖြူလေးတစ်ဖက်ကို လက်တုတ်တုတ်လေးတွေနဲ့ဖိရင်း မျက်နှာလေးမဲ့ကာ သူ့ကိုမော့ကြည့်လာသည်။ဘေးနားမှာလည်း လဲကျနေသောစတီးရေပုံးတစ်လုံး။ရေချိုးခန်းကြမ်းပြင်ဟာလည်း ရွှဲရွှဲစိုလို့နေသည်။

" ဘယ်လိုဖြစ်တာလဲ ကလေးရာ ။ ပြစမ်း! ဘာတွေထိခိုက်မိသွားလဲ? "

သူ ရေချိုးခန်းထဲအမြန်ဝင်လိုက်ပြီးနောက် သားသား၏နံဘေးနားကို ဒူးထောက်ထိုင်ချလိုက်သည်။

" ဟင့်....ရေပုံးကို ခလုတ်တိုက်မိတာ "

ငိုတော့မယောင်မျက်နှာငယ်လေးနဲ့ သူ့ကိုကြည့်ကာ ခပ်တိုးတိုးဆိုလာသည်။သူ့မှာတော့ လက်ဖြူဖြူလေးတွေအောက်က ခြေထောက်တစ်ဖက်ကိုသာဆွဲထုတ်ရင်း ကြီးကြီးမားမားမဖြစ်ပါစေနဲ့ မျှော်လင့်လျက်။

" ကျစ်! နီရဲကုန်ပြီကွာ။ ဒါနဲ့ ရေချိုးခန်းထဲကို ဒီရေပုံးကဘာကိစ္စရောက်လာရတာတုန်း "

သူ မကျေမနပ်ဆိုရင်း အနီးကရေပုံးခွံကို လက်တစ်ဖက်ဖြင့် ခပ်ဝေးဝေးရောက်အောင် တွန်းထုတ်ပစ်လိုက်သည်။

ဂွမ်! ဂလွမ်!!

ရေချိုးခန်းထဲ ကြမ်းပြင်နှင့်စတီးပုံပွတ်တိုက်သံတွေ ဆူညံကုန်သည်။

" ဟင့်...အဲ့ဒါ သားမနေ့က သန့်ရှင်းရေးလုပ်လို့..."

ထိုဆူညံသံတွေကြားမှ ခပ်သေးသေးသာထွက်လာသည့်အသံတိုးတိုးကြောင့် သူ့မှာ ဒေါသပဲထွက်ရမလို ၊ ငေါက်ပဲငေါက်ရမလို ဖြစ်သွားရသည်။သို့ပေမဲ့ သူ့အကြည့်တစ်ချက်ရောက်သွားသည်နှင့် မျက်နှာလေးအောက်ငုံ့ချသွားတတ်သည့် အဆိုးလေးကြောင့် သူ့မှာမဆူ ၊ မငေါက်ရက်တော့။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Tahanan ng mga kuwento. Tumuklas ngayon