Ep - 31ယခုအချိန်မှာတော့ သူတို့နှစ်ဦးလုံးဟာ ဧည့်ခန်းဆိုဖာခုံ၏ တစ်ဖက်တစ်ချက်စီမှာ မလှုပ်မယှက်ထိုင်နေကြသည်။ စားပွဲပေါ်မှအသီးပန်းကန်ထဲမှာလည်း အခွံခွာထားပြီးသော လိမ္မော်သီးနှင့် ပန်းသီးစိတ်ကလေးများက စီရီစွာရှိနေ၏ ။ စောစောကတင် အသံကျယ်ကျယ်နှင့်မြင်ကွင်းမဖွယ်မရာတို့ထွက်ပေါ်လာသည့် TV ဖန်သားပြင်ဟာလည်း အခုတော့မူ မည်းနက်လို့နေသည်။ ထိုအဖြစ်အပျက်၏အကျိုးဆက်ကတော့ ချစ်သူနှစ်ဦးလုံးမျက်နှာကို ဆေးဖြန်းထားသည့်အတိုင်း အနီရောင်ငွေ့ငွေ့သန်းစေခဲ့၏။
" ကိုကို့...."
တုန်တုန်ယင်ယင်ဖြင့်ထွက်လာသည့်အသံတိုးတိုးလေးကြောင့် နွေဘုန်းခတစ်ယောက် စားပွဲကိုငေးနေရာမှ ဘေးသို့ခေါင်းစောင်းကြည့်လိုက်သည်။ထိုအခါ ပါးနီနီလေးနှစ်ဖက်နှင့်ချစ်စရာကောင်းနေသည့်သားသားက သူ့ကိုရှက်စနိုးဖြင့်ရယ်ပြလာလေရဲ့။
" ဟီး....ဟို သားတောင်းပန်ပါတယ်။ "
ထိုစကားကြောင့် သူနားမလည်နိုင်ဖြစ်သွားရသည်။တကယ်ဆို ဒါဟာ တောင်းပန်စရာမှမဟုတ်ဘဲ။
" သား ကိုကို့စကားကိုနားထောင်ခဲ့ရမှာကို ။ သားမှားတာပါ ။ အဲ့ကောင်ရဲ့စကားကိုယုံမိတာ။ တွေ့မယ် မြင့်မိုရ်ရိပ် ။ ငါ့ကိုဂျင်းထည့်တဲ့ကောင် ။ "
သူ့ကိုပြောနေရင်း ခေါင်းလေးငုံ့သွားပြီး သူ့သူငယ်ချင်းကို ဒေါသထွက်နေသည့်သားသားပုံစံက တကယ်ကိုရယ်ချင်စရာပင် ။ သို့သော် သားသားတကယ်ရှက်နေသည်မို့ သူမရယ်ခဲ့။
ချွဲတဲ့နေရာမှာ ဆရာကျသလောက် ဒီလိုနေရာမျိုးတွေမှာတော့ သားသားဟာ တကယ့်ကိုအရိုင်းတုံးကလေးပင်။ ဒါဟာ အတွေ့အကြုံနှင့်ဆိုင်မလားတော့မသိ ။ သူသိသလောက်တော့ သားသားရဲ့သွေးသားလိုအင်ဆန္ဒက သာမန်ယောက်ျားလေးများထက်ပင် ပိုနည်းလောက်မည်။ဒါကလည်း သူ့အထင်သက်သက်သာ။ တကယ်ဟုတ် ၊ မဟုတ်တော့ သားသားကိုယ်တိုင်သာသိလိမ့်မည်။ယခုလည်း နားရွက်ဖျားကလေးများနီရဲနေသည်အထိရှက်နေပုံက pornကားကို အခုမှစကြည့်ဖူးတဲ့သူလိုပင်။ သူ့အနားပင် မလာတော့။ ဟုတ်တော့လည်း ဟုတ်သည်။ သူတို့တစ်ခဏလေးကြည့်လိုက်မိသည့် pornကားက ရိုးရိုးကားမှမဟုတ်ဘဲ ။ အင်း....ယောက်ျားလေးနှစ်ယောက်၏ sex လုပ်ပုံကိုမှ တိတိကျကျရှင်းရှင်းလင်းလင်းရိုက်ကူးထားသည့် gay porn ကား။
YOU ARE READING
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
RomanceTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)