Ep - 21
လက်ထဲက စတုရန်းပုံကုဗတုံးလေးကိုကြည့်ပြီး သားသား၏နှုတ်ခမ်းတွေ ပြုံးယောင်သန်းလာသည်။ဒီပစ္စည်းလေးဟာ ကိုကို့ဆီမှပထမဆုံး သူရခဲ့သည့်လက်ဆောင်ဖြစ်သည်။၃နှစ်အရွယ်ကလေးလေး၏အတွေးထဲမှာတော့ ကိုကိုဟာ သိပ်ကိုသဘောကောင်းပုံမရသည့်အစ်ကိုကြီးမှန်း ဒီအိမ်ကိုရောက်စက ထင်ခဲ့ဖူးသည်။သို့သော် သားသားကတော့ အစ်ကိုကြီးတွေဆို သိပ်သဘောကျပါ၏။သားသားအရင်နေခဲ့ဖူးသည့် အိမ်ကြီးမှာဆို အရပ်ရှည်ရှည်အစ်ကိုကြီးတွေက သားသားကိုအရမ်းချစ်ကြသည်လေ။
စကားတွေအများကြီးမပြောတဲ့ ကိုကို့ကို သူအနည်းငယ်ကြောက်ပေမဲ့ ကိုကို့အနားကိုပဲပြေးသွားမိလိုက်သည်။တကယ်လို့များ ကိုကိုကငေါက်ခဲ့ရင် သူအများကြီးဝမ်းနည်းရမှာဖြစ်သည်။သို့သော် ကိုကိုသည် သူထင်ထားသလိုမဟုတ်ခဲ့။သူ့လက်လေးတွေကိုဆွဲပြီး ညင်သာစွာပြောသောစကားကြောင့် သူ အရမ်းကိုပျော်ရွှင်ခဲ့ရသည်။
ကိုကိုဟာ အမြဲရုပ်တည်ကြီးဖြင့်နေတတ်ပေမဲ့ သူ့ကိုတော့ခဏခဏပြုံးပြတတ်သည်။ကိုကိုပြုံးလိုက်ရင် အရမ်းကြည့်ကောင်းတာမို့ သူ့မှာငေးခနဲဖြစ်သွားရမြဲပင်။
ကိုကို့ကို သူချစ်သည်။ကိုကိုနဲ့ နေရတာကိုသဘောကျသည်။ကိုကိုအခွံနွှာပေးတဲ့ လိမ္မော်သီးက ပိုစားကောင်းသည်ဟု သူထင်မိသည်။တဖြည်းဖြည်း သူ ကိုကို့အပေါ် ခံစားချက်တွေရှိလာခဲ့သည်။အဖြူရောင်တွေ အရောင်ပြောင်းခဲ့သည်ပေါ့။
ထိုခံစားချက်တွေကြောင့် သူအလိုလိုနေရင်းစိတ်ပူလာသည်က ကိုကိုလက်မခံနိုင်မှာကိုပဲဖြစ်သည်။သူ့လိုမနူးမနပ်ကောင်လေး၏အချစ်ဆိုတာကို ကိုကိုဟာအယုံအကြည်ရှိပါ့မလားလေ။သူတကယ်ပဲ စိုးရိမ်မိပါသည်။ပြီးတော့ သူက မိဘမရှိတဲ့သူစိမ်းကလေးတစ်ယောက်။ကိုကိုတို့ မလိုအပ်တော့တဲ့တစ်နေ့ကျ သူဟာ ဒီမိသားစုထဲကထွက်သွားရမှာ။
အဲ့လိုလူတစ်ယောက်ကို ကိုကိုကပြန်ချစ်နိုင်ပါ့မလား?
သူတွေးရင်း ကြောက်လာမိသည်။သူ့မှာသေချာတာ တစ်ခုတော့ရှိသည်။
အဲ့ဒါ ကိုကိုနဲ့မခွဲနိုင်ခြင်းပင်။တစ်နေ့။သူငိုမိသော ထိုနေ့။
အဲ့ဒီ့နေ့တုန်းက သူအရမ်းမွန်းကျပ်လာသည်မို့ ရေချိုးခန်းထဲဝင်ပြီး အကြာကြီးငိုနေလိုက်သည်။ကိုကိုလာမခေါ်ခင်အချိန်ထိ။
CZYTASZ
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
RomansTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)