ep - 47 ( Unicode )

10.2K 668 5
                                    

Ep - 47

" Oh! God . ငခက ဥကြီးနဲ့ ဟ! "

အိမ်ပေါက်ဝကနေ မျက်လုံးပြူးကြီးနဲ့ ဘုရားတနေသူကို ဖုန်းခ ဆောင့်ကန်ပစ်လိုက်ချင်တော့သည်။ အိမ်ထိအောင် အဆဲလာတောင်းနေတဲ့ ငရိပ်စုတ်။

" ခွေးကောင်ငရိပ် ။ အထဲထိမဝင်ခဲ့နဲ့ ။အေး အဲ့မှာတင် ဆန့်ဆန့်ကြီးလဲသေလိုက်! "

စိတ်ပေါက်ပေါက်နှင့် လှိမ့်ဆဲပေးလိုက်တော့ ဂျိုကာရုပ်လုပ်ပြပြီး အိမ်ထဲကိုကော့ပဲ့ကော့ပဲ့နဲ့ ဝင်လာသည်။ သူ့နောက်မှာတော့ အရပ်ရှည်ရှည်နှင့်ကိုကြီးတစ်ယောက်။

ဗုဒ္ဓေါ! အဲ့လူက ဘယ်လိုလုပ်?

သူတွေးနေတုန်းရှိသေးတယ်။ ထိုအစ်ကိုကြီးက သူ့ကိုပြုံးပြလာသည်။

" နေကောင်းတယ်နော် ညီလေး။ "

" အဲ...ဟုတ် ။ "

ပြောရင်း အကြည့်တို့က သူ့ဗိုက်ကလေးဆီရောက်လာတာမို့ လက်ကလေးနှစ်ဖက်ဖြင့် မသိမသာအုပ်ကိုင်လိုက်ပြီး ခေါင်းသာညိတ်ပြလိုက်သည်။

သူ နေကောင်းပါတယ်။ အဲ့အစ်ကိုကြီးက ဘာလို့များ သူ့ကို နေကောင်းလားမေးရတာလဲ။ ပြီးတော့ သူ့ဗိုက်ကလေးကြည့်လာတဲ့အကြည့်တွေက အားကျနေသလိုမျိုးကြီး။

" ဟဲဟဲ...ငခတို့များက လက်သွက်ချက်ကွာ။ အဲ...မဟုတ်ပါဘူး။ ဒါကို ဗိုက်သွက်ချက်လို့ ခေါ်ရမယ်ထင်တယ်။ ခွီးးးး "

ဖြန်း!

ပေါက်တတ်ကရတွေပြောပြီး သူ့ဗိုက်ပူပူကို လာထိသည့်မြင့်မိုရ်ရိပ်လက်ကို ဖျတ်ခနဲရိုက်ထုတ်ပြီး မျက်လုံးစွေကြည့်လိုက်သည်။

" ဖယ်စမ်း လာမကိုင်နဲ့။ ငါ့ပူတင်းလုံးလေး မင်းအကျင့်တွေကူးကုန်လိမ့်မယ်။ "

" အွက်....စဥ်းစားလေ ဆုတောင်း ။ မင်းပူတင်းလုံးက ငါ့ဆီကချောချောလှလှတွေသာကူးမှာ ။ မင်းဆီကတော့ ဘုရားမကြိုက်တဲ့ဆဲနည်းပေါင်းစုံတွေ ကူးလောက်တယ်။ ကျွတ်! ကျွတ်! ပူတင်းလုံးလေးအစား ရင်နာလိုက်တာ။ "

မျက်နှာကိုမဲ့ရွဲ့ပြီးပြောနေသည့်သူတောင်းစားလေးအား ဖုန်းခကြည့်မနေနိုင်တော့ဘဲ ကျောပြင်ကိုလှမ်းရိုက်ဖို့ပြင်လိုက်သည်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now