ep-12 ( Unicode )

14.3K 1.2K 3
                                    

Ep-12

ရှပ်အင်္ကျီအဖြူနဲ့ ကျောင်းစိမ်းပုဆိုးကို သပ်ရပ်စွာဝတ်ထားပြီး ခဲရောင်ဖျော့ဖျော့ကျောပိုးအိတ်ကိုလွယ်ထားသည့်နေဖုန်းခ၏ပါးပြင်မှာ အရင်လို ဝင်းအိမွှေးပျံ့သည့်သနပ်ခါးပါးကွက်လေးကလည်း ရှိနေဆဲ။ပုဆိုးဝတ်ထားပေမဲ့ လူကြီးနှင့်မတူပဲ ပဲများချင်တဲ့ကလေးတစ်ယောက်နှင့်သာ ပိုတူနေလေသည်။ကျမသွားသည့်ဝိတ်ကလေးနှင့် ဖောင်းနေမြဲဖြစ်သောပါးမို့မို့လေးတွေကြောင့် လူတိုင်း၏အမြင်မှာ ဖုန်းခလေးဟာ အသည်းယားအောင်ချစ်ဖို့ကောင်းနေလျက် ရှိပါ၏။

" သားသား သွားပြီ မေကြီးရေ "

နဂိုကောက်နေသည့်ခေါင်းက ဆံပင်ခွေတွေကို လက်တစ်ဖက်ဖြင့်သပ််ချရင်း အိမ်အတွင်းကိုတစ်ချက်အော်ကာ သူ့လက်ကိုလာဆွဲသည့်သားသားက မနက်ခင်းရဲ့ဖူးသစ်စပန်းပွင့်ငုံလေးလို။ယောက်ျားလေးဆိုပေမဲ့ ပန်းအငုံနှင့်ပင်တင်စားရလောက်သည်အထိ သားသားဟာနုနယ်ပျိုမျစ်နေခဲ့လေသည်။

" လမ်းလျှောက်သွားမယ်နော် ကိုကို "

သွားစွယ်ဖြူချွန်ချွန်လေးတွေပေါ်သည်အထိ ရယ်ပြပြီးပြောတော့ ဒီလူဟာဘယ်လိုများငြင်းနိုင်မလဲလေ။ အပြုံးလွင်လွင်နှင့် ခေါင်းညိတ်ပြရုံပဲပေါ့။

" ဟီး....သားသားက အမြဲ ဒီလိုသွားချင်ခဲ့တာ ကိုကိုရ ။ ဒီလိုလေး ကိုကို့လက်ကိုဆွဲပြီးတော့ နေ့တိုင်းကျောင်းတတ်ချင်နေတာ "

ယှက်သွယ်ထားသောသူတို့ရဲ့လက်တွေကို ပိုပြီးမြင့်မြင့်မြှောက်ပြ၍ ပြောလာသည်။
လမ်းသွားလမ်းလာတချို့၏အကြည့်များဟာလည်း သူတို့နှစ်ယောက်ဆီမှာပဲ မှီခိုနေသလို။

" အခုထိ ကလေးလုပ်ချင်နေတုန်းပဲကိုး အဟင်း..."

ဘေးသို့ခေါင်းစောင့်ငဲ့ရင်း သနပ်ခါးနှင့်ဝင်းအိနေသည့်ပါးပြင်ဖောင်းဖောင်းလေးတစ်ဖက်ကို မနာအောင်ခပ်ဖွဖွဖျစ်လိုက်ရင်းဖြင့် သူပြောတော့ ပါးလျလျနှု​တ်ခမ်းသေးသေးလေးများက စူထွက်လာသည်။

" သားသားက အခုမှကလေးပဲရှိသေးတာကို ။ ရတယ် ရတယ် ကလေးမလုပ်စေချင်တော့ရင် အခန်းထဲကကောင်မလေး​တွေနဲ့ ရည်းစားတော်ပစ်လိုက်တော့မယ် "

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Onde histórias criam vida. Descubra agora