ep - 26 ( Unicode ) 🚨

21.8K 993 13
                                    

Ep - 26

🚨 အသက်မပြည့်သူများ ခိုးဖတ်ပါ😊။
အသက်ပြည့်ပြီးသူများလည်း တိတ်တိတ်ကလေးဖတ်ပါ။😁🚨

သူ တစ်ရေးနိုးလာတော့ ညတစ်နာရီကျော်နေပြီဖြစ်သည်။ခပ်ဖွဖွလေးထွေးဖက်ထားသည့်ကိုကို့ရင်ခွင်ထဲမှနေ ခေါင်းလေးအသာမော့ကြည့်လိုက်လျှင် အရင်ဦးဆုံးမြင်ရသည်က ကိုကို့မေးဖျားလေးဖြစ်သည်။ထိုမေးဖျားလေးဟာ အစဥ်တစိုက်ရိတ်သင်ထားသည်ကြောင့် မုတ်ဆိတ်မွေးတိုစစလေးများမှာ အစိမ်းရောင်သန်းပြီး ကြည့်လို့ကောင်းနေ၏။ထိုနေရာလေးကို သူ့လက်ညှိုးလေးဖြင့် ဖွဖွလေးတို့ကြည့်လိုက်တော့ ခပ်ရှရှလေးဖြစ်နေပြီး ရင်ထဲမှာစိမ့်ခနဲ။

လေးထောင့်အနည်းငယ်ဆန်ချင်သည့် မျက်နှာချောချောဟာ သူ့လိုပါးတွေဖောင်းမနေပါဘဲ ကြည့်လို့ကောင်းလွန်းသည်။ဒါ့အပြင် ထူထဲနက်မှောင်နေသည့်မျက်ခုံးတွေနှင့် နှာတံထင်းထင်း။ပြည့်စုံမှုဟာ နီညိုရောင်သန်းနေသည့်နှုတ်ခမ်းတစ်စုံကြောင့် ပိုပြီးထင်ပေါ်လျက်ရှိသည်။

တရွေ့ရွေ့သူ့လက်ညှိုးလေးဟာ ချောမွေ့တည်ကြည်လွန်းသည့်ထိုမျက်နှာပေါ်မှာပဲ အချိန်ကြာကြာခိုနားနေခဲ့လေသည်။အစိတ်အပိုင်းတစ်ခုစီတိုင်းဟာ သိပ်ကိုသဘောကျစရာကောင်းလွန်းသည်မို့ သူ့မှာလည်း အကြည့်တို့ကိုပင်မရပ်တန့်နိုင်ခဲ့။

တဖြည်းဖြည်းဖြင့် သူ့မျက်လုံးတွေဟာ ဖြူဝင်းနေသည့်လည်ပင်းအလယ်တွင်ရှိသော ခပ်ဖုဖုအလုံးလေးသို့ မတော်တဆရောက်ရှိသွားခဲ့သည်။ထိုအရာလေးကို လက်ညှိုးဖြင့်ခဏလေး ထိတွေ့ကြည့်မိပြီးနောက် နှုတ်ခမ်းတို့ဖြင့်ပါထိတွေ့ချင်လာသည်။ထို့ကြောင့် ခေါင်းလေးကို အပေါ်သို့ဖြည်းဖြည်းချင်းတိုးလိုက်သည်။ပြီးနောက် ထိုအလုံးလေးအပေါ်ကို သူ့နှုတ်ခမ်းစူစူလေးဖြင့် ထိလိုက်သည်။

တစ်စက္ကန့်....
နှစ်စက္ကန့်...

သူ့ရင်ခုန်သံတွေဟာ ရထားကြီးတစ်စင်းဖြတ်သွားလိုက်သလိုမျိုး ဆူညံနေလျက်။
ညသန်းခေါင်းရဲ့အနမ်းသူခိုးလေးအဖြစ်သို့ ရောက်နေပြီမို့ မထူးဇာတ်ပိုက်ပြီး ထိုအလုံးလေးကို နှုတ်ခမ်းတို့ဖြင့် အနည်းငယ်စုပ်ယူလိုက်ချိန် လှုပ်ရှားသွားသည့်ထိုစလုတ်လေး။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now