ep-9 ( Unicode )

13.7K 1.2K 12
                                    

Ep-9

နွေရာသီနွေးနွေးကနေ မိုးရာသီအေးအေးလေးကိုပြောင်းလဲသွားရင်းဖြင့် အချိန်တွေဟာလိုက်မမှီနိုင်အောင် ပြေးလွှားနေသည်။တိမ်ထူထပ်သောရာသီဥတုမှုန်မှိုင်းမှိုင်းမှ တိမ်ကင်းစင်သောကောင်းကင်ပြာကိုမြင်ရသည့်အခါတွင် ကုန်လွန်ခဲ့သောအချိန်နာရီတွေဟာ အမှတ်တရတွေအဖြစ်ပြောင်းလဲလို့သွားခဲ့လေပြီ။

နွေး ၊ မိုး ၊ ဆောင်း ရာသီအလီလီတို့ရွေ့လျားသွားပြီးနောက် နွေဘုန်းခ၏အရပ်တို့ပင် ရှည်ထွက်လာသည်။အသံတို့က ဩရှရှသို့ကူးပြောင်းကာ ခန္ဓာကိုယ်သည်လည်း ငယ်စဥ်ကလို ပိန်ကပ်မနေတော့ပေ။၂ နှစ်ဆိုသောကာလသည် ကောင်လေးတစ်ယောက်အား လူငယ်လေးအသွင်သို့ ပုံပေါ်အောင်ဖော်ဆောင်ခဲ့လေသည်။

အဝတ်တွေသိမ်းနေရင်းက ဘေးနား​မှမွေ့ယာပေါ်ငုတ်စိစိလေးထိုင်ပြီး ငိုမဲ့မဲ့ဖြစ်နေသောမျက်နှာလေးကို မကြာခဏကြည့်ကာ သူစိတ်မကောင်းဖြစ်ရသည်။လခြမ်းကွေးလေးမှာလည်း အရည်ကြည်ကြည်လေများအိုင်ထွန်းနေပြီး ပါးလျလျနှုတ်ခမ်းလေးများကမူ စူချင်သလိုလို။

ဘာစကားမှမပြောဘဲ သူလုပ်သမျှကိုသာငေးကြည့်ရင်း ငြိမ်ငြိမ်လေးလုပ်နေသည်ကို သူအားမရဖြစ်လာသည်။ဒီကလေး ဒီလောက်ထိငြိမ်နေတာ သူတစ်ခါမှမကြုံဖူးသေး။

" သားသား "

လေသံတိုးတိုးဖြင့် သူခေါ်လိုက်သည်။သူခေါ်လိုက်တော့လည်း တွေတွေလေးငေးကြည့်လာပြီး ခေါင်းလေးပြန်ငုံ့သွားသည့် ပိစိလေးကြောင့် လုပ်လက်စကိုပင် သူ့မှာမလုပ်နိုင်တော့ဘဲ ထိုကောင်သေးသေးလေးအနားသို့ပြေးကပ်ရသည်။

" ကိုကို့ကို ကြည့်ပါဦး ကလေးရဲ့ "

သူပြောနေလည်း ခေါင်းကြီးငုံ့မြဲသာငြိမ်နေလေသည့် သားသားကြောင့် အခက်တွေ့ကာ ထိုလုံးပြည့်ပြည့်ကိုယ်လေးကို မတင်းမလျော့လေးပွေ့ဖက်ပစ်လိုက်သည်။ထိုတော့မှ သူ့ကိုယ်လုံးကြီးကိုဖက်တွယ်လာကာ တဝါးဝါးငိုတော့သည်။

" အီး....သားသား... ကိုကိုနဲ့ခွဲချင်ဘူးလို့........ကိုကိုသွားနဲ့နော်....ကိုကိုသွားရင်သားသားလည်း.... အီး...လိုက်ခဲ့မှာ ...ရွှတ် "

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Waar verhalen tot leven komen. Ontdek het nu