Ep - 44
တဖြည်းဖြည်းနှင့် နှစ်လကျော်ထဲရောက်လာပြီဖြစ်သောဗိုက်ကလေးကြောင့် သားသားမှာ အရာရာဆင်ခြင်ရတော့သည်။
သာမန်ဆို အပူ ၊အစပ်၊ အချဥ် အရမ်းစားပေမဲ့ အခုတော့လျှော့စားဖြစ်သည်။ ကိုယ်ဝန်ဆောင်များနှင့်ပတ်သက်သည့်စာအုပ်တွေလည်း အားလပ်ချိန်တိုင်း ဖတ်ဖြစ်သည်။
၂ လဆိုရင် ပဲစေ့လေးမှာ လက်ချောင်း ၊ ခြေချောင်းသေးသေးလေးတွေ ပေါ်ပေါက်နေတတ်ပြီတဲ့။ ပြီးတော့ အဆုတ် ၊ နားရွက် ၊ အပေါ်နှုတ်ခမ်းနဲ့နှာခေါင်းလေးရောပဲ။ မျက်လုံးထဲမှာပုံဖော်ကြည့်မိတော့ အသည်းယားစရာပိစိလေးကို ပြေးမြင်လိုက်ရသည်။ ရင်ထဲမှာလည်း နွေးခနဲ။
နောက်တစ်ပတ်လောက်နေရင် ထိုပိစိသေးသေးလေးမှာ နှလုံးသားလေးတစ်စုံဖွံ့ဖြိုးတော့မည်။
လက်ချောင်း ၊ ခြေချောင်းလေးတွေကလည်း ယခုထက်ပိုရှည်လာလိမ့်မည်။ ခန္ဓာကိုယ်သေးသေးလေးမှာတော့ အရိုးနုလေးတွေ ရှိလို့နေလောက်ပြီ။ စိတ်ကူးနှင့်ပင် အရူးတစ်ယောက်လို ပြုံးလိုက်မိပြန်သည်။ဒီနေ့တော့ တစ်ယောက်တည်းပျင်းတာနဲ့ တိုက်ပြာလေးဘေးနားရှိ အပင်ရိပ်အောက်တွင် ပန်းချီထိုင်ဆွဲနေလိုက်သည်။ ပန်းချီဆွဲဖို့လိုအပ်သည့်ပစ္စည်းမှန်သမျှကိုလည်း ဟိုနေ့ကတင် ကိုကိုဝယ်လာပေးခဲ့သည်မို့ စိတ်ကူးရှိသည်နှင့် ဆွဲလို့ရသည်။
စထိုင်ထိုင်ချင်းတော့ အပင်ပုံလေးတွေဆွဲမယ်ဟုရည်ရွယ်ထားသော်လည်း ယခုတော့ ပုံပေါ်လာသည်က လက်တံခြေတံထွက်စနဲ့ ပဲစေ့လုံးလေးသာဖြစ်သည်။ ထိုပဲစေ့လုံးလေးကို ဘာအရောင်ခြယ်ရမလဲဟုစဥ်းစားရင်း အတွေးထဲဝင်လာသည်က ကိုကို့ရဲ့အသားအရောင်။ ဝင်းအိပြီး ချောမွေ့နေသည့်ကိုကို့အသားအရေဟာ နေရောင်ထိလျှင်ပိုပြီး လက်နေတတ်သည်ကိုသတိရမိတာမို့ အပြုံးနုနုလေးနှင့်အတူ ပဲစေ့ပူတူတူးကို အရောင်ခြယ်လိုက်မိတော့သည်။
ပန်းချီပုံလေးထဲတွင် ပန်းခင်းလေးရှိသည်။ ထိုပန်းခင်းလေးထဲတွင် ရောင်စုံပန်းလှလှလေးများပွင့်ဖူးနေပြီး ပျားလေးတွေနှင့် လိပ်ပြာလေးများကို တွေ့ရသည်။ ထိုပန်းချီပုံလေးထဲမှာ အလှဆုံးနှင့်အကြီးမားဆုံးသော အဖြူရောင်ပန်းပွင့်ကြီးတစ်ပွင့်ရှိလို့နေသည်။ ထို့အပြင် ထိုပန်းကြီး၏အလည်မှာတော့ အဝါရောင်ပဲစေ့လေးတစ်စေ့က ခြေတံတိုတို ၊ လက်တံတိုတိုကလေးများနှင့် ကားရားလေး။ မျက်လုံးသေးသေးများလည်းရှိပြီး နှုတ်ခမ်းစုချွန်ချွန်လေးလည်း ရှိသည်။
YOU ARE READING
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
RomanceTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)