ep - 43 ( Unicode )

11.6K 768 5
                                    

Ep - 43

အိပ်ရာနိုးလို့မျက်လုံးပွင့်သည်နှင့် အရင်ဆုံးသတိရမိတာက ဗိုက်ထဲကပိစိကွေးကိုပင်။ အသည်းယားကြည်နူးစိတ်နှင့် အင်္ကျီလေးလှန်ကာနမ်းမိတော့ ရင်၌တသိမ့်သိမ့်စီးဝင်လာသော မေတ္တာတရားတို့က အေးမြလန်းဆန်းနေလျက်။

အခုထိမပူသေးသောဗိုက်ကလေးအတွက်လည်း သားသားကဆင်ခြင်ရှာသည်။ အရင်လို မိုးလင်းတိုင်း သူ့ရင်ဘတ်ပေါ်ရောက်နေတတ်သည့် တောက်တဲ့လေးလိုကပ်နေတော့ခြင်း မရှိတော့ချေ။ သူ့ရင်ခွင်အနားမှာပဲ ကွေးကွေးလေး အိပ်ပျော်နေ၏ ။

ချစ်ခင်စိတ်ဖြင့် အိပ်ပျော်နေသူ၏မျက်နှာပေါ်ကို ကြင်ကြင်နာနာမြတ်မြတ်နိုးနိုးနမ်းရှိုက်မိချိန် တအင့်အင့်ဖြင့်မျက်လုံးလေးပွတ်သပ်ကာ နိုးလာသည့်သူ့ရဲ့နှလုံးသားလေး။ အိပ်စက်ထားမှုကြောင့် ဖောင်းနေသည့်မျက်ခွံမို့မို့လေးများနှင့် သိပ်ကိုချစ်စရာကောင်းနေလေ၏။ နှလုံးသား၌ဖြစ်တည်လာသောဆန္ဒနှင့်အတူ ထပ်ပြီးထိုမျက်ခွံအုပ်အုပ်ကလေးများကို တိုးကပ်နမ်းရှိုက်မိသည့်အခါ အလိုက်တသိပဲပြန်မှိတ်ချသွားသည့် လခြမ်းကွေးလှလှတွေ။ တကယ်ကို အသည်းယားဖို့ကောင်းလွန်းသည်။

" Goodmorning ဘေဘီသားအဖ။ "

ဆံခွေဝါဝါလေးဝဲကျနေသည့်နဖူးပြင် ဖြူနုနုကို အနမ်းဖွဖွပေးကာ နေ့သစ်တစ်ခုကိုအစပျိုးဖို့ နိဒါန်းချီလိုက်သည်။ ထိုနိဒါန်းလေးကြောင့် ပြန်တုံ့ပြန်လာသည့်အထဲမှာ ဖွေးခနဲလှစ်ပြူလာသည့်သွားစွယ်ချွန်ချွန်လေးများနှင့် တဆတ်ဆတ်ညိတ်ပြနေသည့်ဦးခေါင်းလေးကို သဘောအကျဆုံးပင်။ ပိုပြီးနှစ်သက်မိတာကတော့

" morning ကိုကို ။ "

ဆိုတဲ့အသံအက်အက်ကလေးနှင့် သူ့လည်ပင်းကိုသိုင်းဖက်လာသည့် အပြုအမူလေး။ အပြုံးတစ်ခုနှင့် စုတ်ဖွာနေသည့်ခေါင်းလုံးလေးကိုသာ အဆက်မပြတ်နမ်းမွှေးမိရင်း ကြည်နူးရပြန်သည်။

ဖုန်းခလေးကလေ တကယ့်ကို ချစ်လို့မဝနိုင်တဲ့ နတ်သားငယ်လေးပဲ။ အခုလည်း နိုးတာတောင်မထသေးဘဲ မျက်လုံးလေးပြန်ပိတ်ကာ အိပ်နေသေးသည်။ အဟုတ် အိပ်ပျော်နေကြောင်းမဟုတ်တာကိုတော့ ပြုံးရိပ်ဆင်နေသည့်နှုတ်ခမ်းပါးတွေနှင့် ခပ်လှုပ်လှုပ်မျက်တောင်ဖျားတို့က သက်သေပြလို့နေ၏။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now