Yellow rabbit's family part 3.A/ N တကယ်ဆို ဒီအပိုင်းဟာ ficထဲမှာပါမယ့် အပိုင်းတစ်ခုပါ။ ဒါပေမဲ့လည်း အနီမနေနိုင်လွန်းလို့တင်လိုက်ပါတယ်။ ရှင်လေးတို့ကိုလည်း သိပ်ဖတ်စေချင်တာမလို့။
အနီပြောပြီးသားပါ။ Yellow rabbit's family ဆိုတဲ့ ဒီ ep တွေဟာ fic နဲ့မဆိုင်ပါဘူး ။ သီးသန့်အခွဲစတိုရီလေးပါ။ဒါ့ကြောင့် မူရင်းfic မှာ ဒီစတိုရီလေးရဲ့အခန်းတချို့ပြန်ပါနိုင်ကောင်း ပြန်ပါပါလိမ့်မယ်။ ပြောရမယ်ဆိုရင် yellow rabbit's family ဆိုတဲ့စတိုရီလေးဟာ ကိုကို့အားအပိုင်သိမ်းမည့်ဆိုတဲ့ficလေးကနေ ဖြတ်ထုတ်ထားတဲ့ တစ်စိတ်တစ်ပိုင်းလေးတွေစုစည်းထားတာပေါ့။ နားလည်ကြပါရဲ့လားဗျ။ဟုတ်ကဲ့ စာဖတ်သူတွေကို မျက်စိလည်သွားအောင်လုပ်မိရင် အနီကပဲတောင်းပန်ပါတယ်ဗျ။ တကယ်လို့များ fic အတိုင်းလေးပဲတဖြည်းဖြည်းစီးမျောသွားချင်တယ်ဆိုရင်တော့ yellow rabbit's family ep တွေကိုမဖတ်ဖို့တောင်းဆိုချင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ။ ရတယ် ။ မျက်စိမလည်ဘူး ။ နှစ်မျိုးစလုံးသဘောကျလို့ ခံစားပြီးဖတ်မယ်ဆိုလည်း သဘောပါဗျ။ အဲ့တော့ စာဖတ်သူတွေသဘောကျတဲ့အတိုင်း လုပ်ကြပါ။
ဟုတ်ကဲ့ အနီပြောချင်တာကတော့ ဒီလောက်ပါပဲ။ တစ်ခုခုနားမလည်တာပဲဖြစ်ဖြစ် ၊ သိချင်တာပဲဖြစ်ဖြစ် အနီ့ရဲ့ wp message boxကိုသာလာပြီး ပြောနိုင်ပါတယ်။ အားလုံးပဲ ကောင်းသောညချမ်းလေးပါဗျ။✨✨✨✨✨✨✨✨✨✨✨✨✨✨
Yellow rabbit's family part 3
သူ အိပ်ရာမှနိုးသည်နှင့် နံဘေးနားကကလေးသားအဖကို အရင်ကြည့်လိုက်မိသည်။သူ့အချစ်ပေါက်စီလုံးလေးကတော့ အလယ်မှယုန်ဝါပေါက်၏ဘေးနားကပ်ပြီး ကွေးကွေးလေးအိပ်ပျော်နေဆဲ။သူတို့နှစ်ယောက်အကြားမှာ ခြေကားရားလက်ကားရားနှင့်အိပ်ပျော်နေသည့်ယုန်ဝါပေါက်ကတော့ တကယ်ကိုသူ့ပါးပါးလုံးလုံးပင်။
အစားမက်သလို အအိပ်လည်းကြီးသည်။အမေက ပြောဖူးသည်။သူတို့ငယ်ငယ်တုန်းကများ အရမ်းအအိပ်နည်းလို့ တုတ်ပြပြီး အတင်းချော့သိပ်ရသည်တဲ့။အခု ယုန်ဝါပေါက်ကတော့ ထိုသို့မဟုတ်။ကလေးလေးဖြစ်ပြီး အဆော့ကလည်းသန်သေး။တစ်နှစ်သားဆိုလို့များ ငြိမ်ငြိမ်လေးဆော့မယ်များထင်သလား? No. လေးဘက်ထောက်လေးနဲ့ တစ်အိမ်လုံးပတ်မွှေတဲ့ အဆိုးသေးသေးလေး။အခုလို အိပ်နေတဲ့တစ်ချိန်ပဲ ဒီအသေးလေးငြိမ်တာ။
ESTÁS LEYENDO
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
RomanceTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)