ep - 35 ( Unicode ) 🚨🚨

20.9K 894 19
                                    

Ep - 35

📣 Warning. အသက်မပြည့်သေးသူများ ကျော်သွားနိုင်ပါတယ်။ mature scence ဖြစ်လို့ မကြိုက်သူများလည်း ရှောင်သွားကြပါ။ အသုံးအနှုန်းရိုင်းသွားရင်လည်း နားလည်ပေးစေချင်ပါတယ်ဗျ။ 📣

သူအိမ်ပြန်ရောက်တော့ ည ၁၁နာရီပင် ကျော်နေလေပြီ။ ဒါတောင် ဇွတ်အတင်းပြန်လာလို့။
မဟုတ်လျှင် ဟိုတယ်မှာပဲညအိပ်လိုက်ရမည်ဖြစ်သည်။ အဖေ့မိတ်ဆွေရဲ့ပါတီပွဲဆိုတော့လည်း အဖေ့ကိုယ်စားသွားပေးရသည်။

သားသားကိုလည်း အိမ်မှာတစ်ယောက်တည်းစိတ်မချသည်ကြောင့် အသိမိတ်ဆွေတွေအတင်းဆွဲထားသည့်ကြားမှ အိမ်ကိုမဖြစ်ဖြစ်အောင်ပြန်လာခဲ့သည့်သူသည် ခြံတံခါးဝမှာပဲကားရပ်ကာ ၁၀ မိနစ်ကျော်ကျော်လောက် တွေဝေနေသေးသည်။ သူ ဒီပုံစံနဲ့ အိမ်ထဲဝင်သွားလို့ ဖြစ်ပါ့မလား။

မူးနောက်ပြီးချာချာလည်နေသည့်ဦးခေါင်းကို နောက်တစ်ကြိမ်ခါယမ်းလိုက်ပြီး မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်သည်။ တစ်ခါမှအခုလောက်ထိ အများကြီးမသောက်ဖူးတာမို့ လူကလည်းအတော်လေးခေါင်းစိုက်ချင်နေသည်။ သို့သော် အိမ်ထဲမဝင်လို့ကလည်း မဖြစ်။ နောက်ဆုံး ရေသန့်ဘူးဆွဲကာ ကားပေါ်မှဆင်းပြီး မျက်နှာတစ်ခုလုံးနှင့် ကုပ်ပိုးကိုပါ ရေ အနည်းငယ်စွတ်ပစ်လိုက်သည်။ ဒါပေမဲ့ ခြေလှမ်းများကတော့ ယိမ်းတိယိုင်တိုင်နှင့်သာ။

" ကိုကို့ ၊ ပြန်လာပြီလား။ "

ရေဘူးထဲမှလက်ကျန်ရေကို မော့သောက်ပြီးချိန်၌ ခြံတံခါးအနားသို့ ခပ်သုတ်သုတ်ပြေးထွက်လာသည့် သားသားကို လှမ်းတွေ့လိုက်ရသည်။ အနည်းငယ်မှောင်သည့်ပတ်ဝန်းကျင်မှာ အဖြူရောင်ကာတွန်းညဝတ်စုံလေးနှင့်သားသားက သိပ်ကိုချစ်စရာကောင်းနေလေရဲ့။

" အရမ်းနောက်ကျလိုက်တာ ကိုကိုရာ ။ ပါးစပ်ဟဦး ။ သောက်လာသေးလား? "

သူ့အနားရောက်သည်နှင့် စိုးရိမ်နေသည့်လေသံဖြင့် မေးလို့လာသည်။ပြီးတော့ ခြေဖျားလေးထောက်ပြီး သူ့မေးဖျားကိုလက်သေးသေးလေးတစ်ဖက်နှင့်ဆွဲချကာ နှာခေါင်းတရှုံ့ရှုံ့လုပ်သည်။ အနံ့လည်းရရောမျက်နှာလေးစူပုတ်သွားပြီး

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now