ep - 54 ( Unicode )

8.7K 576 2
                                    

Ep - 54

နေဖုန်းခလေး ကျောင်းနားထားတာ ယခုဆို ၂နှစ်တောင်ပြည့်တော့မည်ဖြစ်သည်။ သူ၏အိပ်မက်ဖြစ်သော မိဘမဲ့ဂေဟာမှာစာသင်ချင်သည့်စိတ်ကလည်း ယခုထိတိုင်ရှိနေဆဲ။ ထို့ကြောင့် နောက်နှစ်တော့ကျောင်းကို အဝေးသင်ယူပြီး ဘွဲ့ရအောင်လုပ်မည်ဟုဆုံးဖြတ်လိုက်သည်။

ဘွဲ့ရပြီးလျှင်တော့ မိဘမဲ့ဂေဟာတွေမှာ စာလိုက်သင်မည်။ ထိုအချိန်လောက်ဆိုလျှင် ယုန်ဝါပေါက်လေးလည်း တော်တော်လေးအရွယ်ရောက်လောက်ပြီလေ။ ယခုတောင် ခြေထောက်လေးယိုင်တိုင်ယိုင်တိုင်နှင့် လမ်းအလျှောက်သင်နေပြီမဟုတ်လား?

" ခ်ခ်...ပါးပါး..ပါးပါး..."

စကားစပြောတတ်တာနှင့် ပါးပါး ပါးပါးပဲ အော်နေသည့်ယုန်ဝါပေါက်က နောက်ဖေးဝရန်တာတွင်အဝတ်လှန်းနေသည့်သူ့အနားကို တောင်ယိမ်းမြောက်ယိမ်းဖြင့် လာလို့နေသည်။ လက်တစ်ဖက်မှာလည်း နို့ဘူးအခွံလေးကိုဆွဲလျက်။

" ပါးပါး ပါးပါး...အင့် "

အနားရောက်တာနှင့် သူ့ခြေသလုံးကိုဖက်ပြီး နို့ဘူးကြီးမြှောက်ပြလာကာ တအင့်အင့်ထိုးပေးလာ၏။

" ဟင်းဟင်း...ယုန်ဝါပေါက်တို့ ဗိုက်ဆာပြီပေါ့ ။ ဟုတ်လား? "

လက်ထဲကသူ့ဘောင်းဘီတိုအစိုကို ချိတ်( ဂျိတ် ) မှာချိတ်ပြီးနောက် အောက်ကိုငုံ့ကြည့်ကာဆိုလိုက်တော့ သူ့စကားကိုနားလည်သည့်အလား တဟီးဟီးရယ်ပြလာသည်။ ဒီယုန်ဝါပေါက်ကတော့လေ ဆွဲညှစ်ပစ်ရင်လည်း မျက်နှာကြီးမဲ့ပြီး ငိုသွားတော့မှာ။ လူကိုတော့ အသည်းယားအောင်ခဏခဏလာလုပ်တယ်။

" ခဏနော် ။ ပါးပါး ဒါလေးတွေလှန်းပြီးရင် သားအတွက် နို့မှုန့်ဖျော်ပေးမယ်။ "

" အာ...ဘူး....အာ....ဘူး..."

ခေါင်းလေးကို ယမ်းခါပြီး သူ့ဒူးကိုမမှီမကမ်းလှမ်းကိုက်လာသည့်ယုန်ဝါပေါက်ကြောင့် သားသားခမျာ အဝတ်ကိုအမြန်လှန်းရတော့သည်။

" အာ့..အ့..ယုန်စုတ်လေး ။ ပါးပါးကို မကိုက်နဲ့လေကွာ...အာ့...နာတယ်လို့။ "

ခြေထောက်ကိုမြှောက်ထားသည့်တိုင် လွှတ်မပေးဘဲ ခေါင်းလေးမော့ကာဟီးခနဲ ရယ်ပြပြန်သည်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Tempat cerita menjadi hidup. Temukan sekarang