ep-11( Unicode )

14.4K 1.2K 4
                                    

Ep-11

နွေတစ်နေ့၏ညနေဆည်းဆာချိန်တွင် ခပ်မှန်မှန်မောင်းနှင်လာသောကားလေးတစ်စီးက ကျယ်ဝန်းသောခြံလေးရှေ့တွင် ရပ်တန့်လို့သွားသည်။ထို့နောက် ကားပေါ်မှ ကတ္တီပါခြေညှပ်ဖိနပ်ဝတ်ထားသည့်ခြေထောက်တစ်စုံဟာ မြေပြင်ပေါ်သို့သက်ဆင်းလာခဲ့ချိန် အိမ်ပေါက်ဝမှသေးငယ်သောတစ်စုံတစ်ဦးသည်လည်း ပြေးထွက်လို့လာ၏။

" ကိုကို့! "

အနီရောင်စွပ်ကျယ်ချိုင်းပြတ်လေးနဲ့ ဘောလုံးလေးလိုလုံးဝိုင်းနေသည့်ကလေးငယ်အား နွေဘုန်းခတစ်ယောက် အနားသို့ရောက်သည်နှင့်ပွေ့ချီလိုက်သည်။ထို့နောက်

" အား....သားသားလေးက မွှေးလိုက်တာ "

နီးကပ်နေပါသောလည်ပင်းတစ်တစ်လေးကိုနမ်းရှုံ့ရင်းပြောမိတော့ ကလေးငယ်ကမနေတတ်သလိုတွန့်လိမ်နေသည်။
လွမ်းနေခဲ့တာပါ ကလေးရေ။
မင်းကို ရူးမတတ်သတိရနေခဲ့လို့ပါ။

မွှေးအိနေသောကိုယ်လုံးနွေးနွေးလေးကို တရှုံ့ရှုံးနမ်းရှိုက်ရင်း သူပြုံးလိုက်မိသည်။

" စောစောကတင် ရေချိုးပြီးတာလား? pomegranate shower gel အနံ့ရတယ် "

ပြန်တွေ့တွေ့ချင်း လွမ်းခဲ့ရသည့်အကြောင်းတွေ မဆိုဖြစ်။လက်ရှိခံစားချက်ကို ဦးစားပေးပစ်လိုက်သည်။

" ကိုကိုက တော်လိုက်တာ "

" သားသားရဲ့ကိုကိုပဲဟာ "

" ဟီးဟီး..."

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးရယ်နေကြသော သားနှစ်ယောက်ကိုမြင်ရသည်မှာ သူမတို့အတော်လေးစိတ်ပျော်ရွှင်ရသည်။
ဝေးကွာခဲ့ရသည့်အချိန်တွေဟာ အခုတော့လည်း ဘာမှမဟုတ်တော့သလိုပါပဲလား??

ဝင်လုဆဲဆဲနေလုံးကြီးကြောင့် ကောင်းကင်ပြင်တစ်ခွင်မှာ အနီရောင်ဖျော့ဖျော့တို့ဖြန့်ကျက်လှပနေလျက်ရှိသည်။ထိုကဲ့သို့ ရောင်နီသွေးနေသောကောင်းကင်ကြီးအောက်ရှိ ခြံဝန်းလေးအတွင်းတွင်လည်း ကလေးငယ်ကိုပွေ့ထားပြီးပြုံးရယ်နေသော ကောင်လေးတစ်ယောက်ရှိနေပါသေးသည်။သူ့အပြုံးများဟာ ရောင်နီခြုံသောကောင်းကင်ပြင်ကဲ့သို့ပင် လှပလျက်ရှိ၏။ကလေးငယ်၏လခြမ်းကွေးများမှာလည်း ကြယ်ရောင်တွေလိုတလက်လက်ဖြင့် ရွှင်မြူးနေလျက်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Hikayelerin yaşadığı yer. Şimdi keşfedin