ep - 41 ( Unicode )

12.6K 862 12
                                    

Ep - 41

မြင်နေရသည့်စခရင်ထက်မှ ခပ်သေးသေးအရာလေးကိုကြည့်ပြီး ဖုန်းခ၏ရင်ထဲတွင် ပျော်ရွင်မှုတို့တစ်တစ်ဆို့ဆို့ဖြစ်လာရသည်။ တကယ်ကို ပိစိလေးပဲရှိသေးတယ်။

" မြင်ရတယ်မလား သား ။ ၃ပတ်လောက်ပဲ ရှိသေးတော့ အခုမှပဲစေ့နီးနီးလောက်ပဲရှိသေးမှာ ။ "

" ဟုတ် ။ သား မြင်နေရတယ် အန်တီ ။ ဟင့်...သေးသေးပိစိလေး။ "

ပြောရင်းငိုတော့ မေကြီး၏လက်တွေက သူ့လက်တွေပေါ်အုပ်ကိုင်လာကာ ပြုံးပြလာသည်။

" ရှေ့လျောက် အခုလိုငိုလို့မရတော့ဘူးနော် သားသား ။ ဗိုက်ထဲမှာ ကလေးသေးသေးလေးရှိလာတော့မှာဆိုတော့ စိတ်ပျော်အောင်နေရမယ်။ ခဏခဏမျက်ရည်မကျနဲ့ ။ ခဏခဏပဲရယ်ပါ။ "

" ညီမလေးဝေရေ Congratulations ပါနော် ။ နောက်တစ်နှစ်လောက်ဆိုရင် အဖွားရာထူးတိုးပြီပေါ့ ဟင်း..."

ဒေါက်တာ၏စကားကြောင့် ဒေါ်ဝေဝေနှင်းမှာ ကြည်နူးပြုံးလေးပြုံးရှာသည်။ ထိုအပြုံးတွေထဲမှာ သားတစ်ယောက်ကမွေးသည့်မြေးကိုပိုင်ဆိုင်ရမှာမို့ဟူသော ရှက်ရွံ့သိမ်ငယ်ခြင်းများလည်းမရှိ။ သာမန်မိခင်အမျိုးသမီးတစ်ယောက်လိုပဲ မြေးလေးရတော့မည်ကို အပြုံးမျက်နှာလေးဖြင့် ကျေနပ်နေတာမျိုး။

" ဟုတ်ပါ့ အစ်မနွယ်ရယ် ။ ဝေဖြင့် ပျော်လွန်းလို့ မျက်ရည်တောင်ကျမိတယ်။ အစ်မနွယ်လည်း အတူတူပဲလေ ။ သားနွေကလည်း အစ်မနွယ်ကိုယ်တိုင်မွေးထုတ်ပေးခဲ့တဲ့ကလေးပဲမဟုတ်ဘူးလား။ အခုတော့ သားနွေရဲ့ရင်သွေးလေးအလှည့်ပေါ့ ။"

" အို...ဒါလေးက အစ်မမွေးပေးခဲ့တဲ့သားလေးရဲ့ရင်သွေးလေးလား? "

ဒေါက်တာ့၏မျက်နှာဟာ အလွန်အမင်းအံ့ဩသွားကာ စခရင်ထက်ဆီက ပဲစေ့သဏ္ဍာန်အရာလေးကိုတစ်လှည့် ၊ ကုတင်ထက်တွင်လှဲနေသည့်ကောင်လေးဆီကိုတစ်လှည့်ဖြင့် ကြည့်လို့နေသည်။

" ဟုတ်ပါ့ရှင် ။ ဒီကလေးက သားနွေရဲ့ရင်သွေးလေးပေါ့ ။ "

" ခဏ ဝေ ။ အစ်မနွယ်တစ်ခုလောက်မေးချင်လို့ ။ စိတ်တော့မဆိုးနဲ့နော်။ "

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now