Ep - 45
ကိုကို သူ့ကို စိတ်ဆိုးနေပါသည်။ နေ့လည်ကတည်းက စကားမပြောတာ အခုအချိန်ထိပင် ။ ညနေစာထမင်းဝိုင်းမှာလည်း ဟင်းခပ်ပေးလာခြင်းမရှိ။ ပိုအဆိုးဆုံးက သူ့မျက်နှာကိုကြည့်ပင်ကြည့်မလာတာဖြစ်သည်။
သူ နည်းနည်းလေးဆိုးမိတာပါ။
ဒါကို ကိုကိုဟာဘာကြောင့်များ သူ့ကိုစိတ်ဆိုးရတာလဲ?
အရင်လို အလိုလိုက်တတ်တဲ့သူ့ရဲ့ကိုကိုဟာ ပြောင်းလဲလို့သွားခဲ့ပြီလား?
မဟုတ်ရင် အချစ်များလျော့သွားတာလား?တွေးရင်းဖြင့် မျက်ရည်ကျချင်လာသည်။ ကိုကိုစိတ်ဆိုးပြေအောင် သူဘယ်လိုလုပ်ပေးရမလဲ?
သူ ကိုကိုနဲ့စကားမပြောဘဲ အကြာကြီးမနေနိုင်ဘူး။ဒါ့ကြောင့် တစ်ခုခုလုပ်ဖို့ဆုံးဖြတ်လိုက်သည်။အရင်ဆုံး ရေချိုးခန်းထဲဝင်ပြီး နောက်တစ်ကြိမ်ရေထပ်ချိုးလိုက်သည်။ ပြီးလျှင် ခန္ဓာကိုယ်တစ်ခုလုံးကို အသန့်ရှင်းဆုံးဖြစ်အောင် သန့်စင်လိုက်ပြီး မွှေးကြိုင်နေသည့်ရေချိုးဆပ်ပြာဖြင့် ၃ ခါလောက် တိုက်လိုက်သည်။ ထို့အပြင် ခေါင်းကိုပါ လျှော်ပစ်လိုက်သေးသည်။
ရေချိုးသန့်စင်ပြီးနောက် အဝတ်ဗီရိုထဲက အပါးဆုံးဟုထင်ရသော ရှပ်အပျော့သားညအိပ်ဝတ်စုံတင်ပါးဖုံးလေးကို ထုတ်ကာဝတ်လိုက်သည်။ တကယ်တော့ ဝတ်စုံက ပုံမှန်ပါပဲ။ သူကသာ ခြေတောက်တိုတိုလေးနဲ့ အရပ်ပုသူလေးမို့ ရှပ်အဖြူပါးလွှလွှက ခါးအတိမကျပဲ ပေါင်တစ်ဝက်လောက်ထိရှည်နေတာဖြစ်သည်။
မှန်ထဲတွင် ကိုယ်ကိုတစ်ပတ်လှည့်ပြီးကြည့်လိုက်တော့ ပါးလွှာသည့်အင်္ကျီသားအောက်က ဖွေးဥဥကိုယ်လုံးတုတ်တုတ်လေးဟာအတိုင်းသားပင်ပေါ်လွင်လို့နေသည်။ အောက်ကဝတ်ထားသည်ကလည်း အနက်ရောင်တိုနံ့နံ့ boxerလေးမို့ သူ့တစ်ကိုယ်လုံးဟာ sexy boyလေးသဖွယ်သာဖြစ်လို့။ ခေါင်းလျှော်ထားသည့်မို့ဖွာလန်ကျဲဖြစ်နေသည့်ဆံဝါဝါလေးတွေကို လက်ဖြင့်အသာဖိသိပ်လိုက်ရင်း မျက်လုံးအကြည့်တို့ကမူ စားပွဲပေါ်ရှိဖန်ဘူးလေးဆီသို့ ရောက်ရှိသွားသည်။ ထိုအခါ အကြံဆိုးလေးတစ်ခုက ခေါင်းထဲမှာဖျတ်ခနဲ။
KAMU SEDANG MEMBACA
ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed)
RomansaTitle~ကိုကို့အား အပိုင်သိမ်းမည့် Cover artist - Luno's author~HninYhine All episode ~ 55. ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က သူ့ကိုကိုအား ဘယ်လိုအပိုင်သိမ်းလေမလဲ??😍😍😍😍 #fourth 1.1.2021>>>>30.9.2021( 9 m)