ep - 24 ( 2 )( Unicode)

11.7K 930 4
                                    

Ep - 24 ( 2 )

" မောနင်း ကိုကို "

" အင်း မောနင်းပါ ပေါက်စီလုံးလေး "

နှုတ်ဆက်စကားဆိုပြီးတော့ ရှုပ်ပွပွခေါင်းလုံးလေးမှဆံပင်ခွေခွေလေးတွေကို သူဆွဲဖွပစ်လိုက်သည်။ဆံပင်ကိုင်လျှင် ငြိမ်ခံတတ်သည့်ကလေးလေးကတော့ မျက်လုံးလေးမှိတ်ပြီး ဇိမ်ယူနေသေးတာ။

" သားသားဆံပင်လေးတွေက ပျော့လိုက်တာ။ ကျောင်းတက်လို့သူငယ်ချင်းရရင် ဘယ်သူ့မှပေးမကိုင်နဲ့နော် "

" ဟုတ်ကဲ့ "

ထိုဖြေသံလေးကိုကြားရမှ သူစိတ်ချရသည်။မဟုတ်လျှင် အဲ့ဒီ့ကလေးက နှမြောတွန့်တိုတတ်တာမဟုတ်ဘူး။ပေးကိုင်နေမှာ။သူကတော့ ထိုဆံပင်ပျော့ခွေခွေလေးတွေကို မြတ်နိုးသည်။ခေါင်းလျှော်ရည်နံ့သင်းသင်းလေးမွှေးသည့် ထိုဆံပင်ကောက်ကောက်လေးထဲကို လက်ဖြင့်ထိုးဖွပစ်ရတာကို သဘောကျသည်။
တစ်ခါတလေ ထိုဆံပင်မွှေးမွှေးလေးတွေကြား နှာခေါင်းနှစ်ပြီးအကြာကြီးနမ်းရှိုက်ရတာကိုလည်း နှစ်ခြိုက်သည်။

အမြဲလိုလိုပျော့စင်းနေတတ်သည့် ထိုဆံပင်ခွေတွေဟာ သူ့အတွက်တော့ စိတ်ကျေနပ်မှုပေးသည့် လက်ဆောင်မွန်တစ်ခုပင်။တစ်ခါတစ်ရံ အလုပ်ကြောင့်စိတ်ရှုပ်ရသည့်အခါမျိုးရှိသည်။ထိုအခါမျိုးတွင် သားသား၏ကိုယ်လုံးအိအိလေးကိုဖက်ပြီး ထိုဆံကောက်ကောက်လေးတွေကြား နှာခေါင်းနှစ်ကာ ငြိမ်နေလိုက်သည်။ခဏကြာသွားလျှင်တော့ သူ့စိတ်တွေပြန်လည်လန်းဆန်းလာပြီး ခေါင်းတစ်ခုလုံးကြည်လင်သွားတတ်သည်။ထို့ကြောင့် သားသားဆိုတဲ့ပေါက်စီလုံးလေးဟာ သူ့အတွက်တော့ အထူးခြားဆုံးလူတစ်ယောက်ထက်ပိုသည်။

" ကိုကို့ မနက်ခင်းအနမ်းလေး "

ငြိမ်နေသည့်သူ၏မေးစေ့ထက် ပူနွေးနွေးနှုတ်ခမ်းအစုံလေး ဖိကပ်လာသည်။သူ ပြုံးပြလိုက်တော့ နှာခေါင်းလေးရှုံ့ပြီးပြန်ရယ်ပြလာသူ။

" ဟင်း....ဒီအဆိုးလေးကတော့ စောစောစီးစီးကိုပဲ "

" ဘာဖြစ်လဲ။သားချစ်လို့နမ်းတာပဲကို။ မကြိုက်ဘူးလား? မကြိုက်ရင် ပြန်နမ်း "

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now