ep - 48 ( Unicode )

10.1K 670 5
                                    

Ep - 48

ဗိုက်ကြီးတကားကားနှင့်သားသားက ယခုလည်း မကြီးနှင့် December ကို လိုက်သွားပြန်ပြီ။ တားလို့မရတာနဲ့ထည့်လိုက်ပေမဲ့ အခုတော့ သူ့မှာ မျောက်မီးခဲဖင်ထိုင်မိသလို ဖြစ်လို့နေသည်။ အခန်းထဲတွင် တောင်လျှောက် ၊ မြောက်လျှောက်နှင့် အတော်ကြာအောင်စဥ်းစားလိုက်ပြီးနောက်မှာတော့ ဖုန်းနှင့်ကားသော့ကိုယူပြီး အိမ်အပြင်သို့ခပ်မြန်မြန်ထွက်ခဲ့လိုက်တော့သည်။

" ဟဲ့ သားနွေ ။ ဘယ်တုန်း ။ "

တိုက်ညိုကြီး၏အိမ်တံခါးဝမှာရပ်နေသည့် မေမေက ကားစက်နှိုးနေသည့်သူ့ကို တအံ့တဩကြည့်ကာ မေးလာသည်။

" မကြီးဆီကိုပါ အမေ။ "

အမေ့ကို ဒီလောက်သာပြောပြီး စိတ်ရဲ့စေဆောင်မှုကြောင့် ကားကိုဝူးခနဲဆောင့်ထွက်လိုက်သည့်နောက်မှာတော့ ဟဲ့ ဖြည်းဖြည်း ဆိုသည့်အမေ့အသံတိုးတိမ်တိမ်ဟာ နောက်ပါးတွင်ကျန်ရစ်နေခဲ့သည်။

သူ ဘယ်လိုလုပ်ဖြည်းနိုင်ပါ့မလဲ ။
မျက်စိအောက်မှာတောင် အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးနေရတာ ။ ဒါဟာ အကျင့်တစ်ခုလိုပင်ဖြစ်နေမိတာမို့ သားသားကိုမမြင်ရတော့ လူကမနေတတ်တော့ပေ။ ရင်ထဲမှာတစ်ခုခုပဲ လစ်ဟာနေသလို။ မျက်လုံးထဲမှာလည်း ဘယ်အရာကပင်ရှင်းလင်းခြောက်ကပ်နေသည်မသိ။ နေရတာ လုံးဝကိုအဆင်မပြေ။

အရေးကြီးပါတယ်ဆို မီးပွိုင့်လာမိနေသည်မို့ အလိုမကျသည့်စိတ်နှင့် ဆဲရေးလိုက်မိပြန်သည်။ ဒီနေ့မနက်ခင်းတစ်ခုလုံးက သူ့အတွက်တော်တော်လေးဆိုးဝါးနေပါ၏ ။တစ်ခါမှမဆဲဖူးတာတောင် ယခုတော့ တစ်လောကလုံးကိုပင် ဆဲလို့နေရသည်အထိ။ သူ့စိတ်ဟာ လိုက်မမှီနိုင်လောက်အောင်အထိ ညစ်ပတ်စုတ်ပြတ်လို့။

December ကို ရောက်တော့ ဆိုင်ရှေ့မှာပဲကားကိုရပ်ပြီး ဆိုင်အတွင်းကို ခြေလှမ်းကျဲများနှင့်ဝင်သွားလိုက်သည်။

" မကြီးမပြောဘူးလား? ။ လာကိုလာမှာပါဆို။ "

ဆိုင်ထဲရောက်သည်နှင့် သူ့ကိုဝိုင်းကြည့်လာသည်မို့ နွေဘုန်းခမှာ ဘာများမှားသလဲဆိုပြီး ထိုလူအားလုံးကို မျက်မှောင်ကျုံ့ကာ ပြန်ကြည့်လိုက်သည်။ ထိုအခိုက်

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now