ep - 19 ( Unicode)

13.3K 1.1K 4
                                    

Ep-19

နောက်တစ်နေ့မနက်တွင်တော့ သူအလုပ်မသွားဖြစ်ပါ။အလုပ်အစား စျေးကိုသာစောစောသွားပြီး လိမ္မော်သီးတွေကိုသာ ဝယ်ခဲ့လိုက်သည်။

" အမေ ။ သားသား နိုးနေပြီလားဟင် "

" မနိုးသေးဘူး သားရဲ့ ။ အိပ်နေတုန်းပဲ "

သူ့ကို ပြောပြီး အမေက မီးဖိုခန်းဘက်ရောက်သွားသည်။သူ အခန်းထဲကိုလှမ်းကြည့်လိုက်တော့ အမေတို့ကုတင်ကြီးဘေးမှာ ကုတင်သေးသေးလေးတစ်လုံးနှင့်သားသားက ဘေးတစ်စောင်းလေးအိပ်ပျော်နေဆဲ။

ဘာလဲ?
ညကပဲ အဲ့ကုတင်လေးဝယ်လိုက်တာပေါ့။

အတွေးတို့နှင့်အတူ သူ့ခြေလှမ်းတွေဟာလည်း ထိုကုတင်သေးသေးလေးဆီသို့ ရောက်ရှိသွားခဲ့သည်။

အပြာနုရောင်ဖျော့ဖျော့မွေ့ရာလေးပေါ်က ကလေးလေးကတော့ အသက်ရှူမှန်မှန်ဖြင့်အိပ်စက်နေဆဲပင်။သူ ထိုကုတင်လေးပေါ်တွင် တင်ပါးလွှဲဝင်ထိုင်လိုက်ရင်း ငြိမ်သက်နေသည့်သားသားအား ငေးကြည့်နေမိသည်။

တကယ်တော့ သားသားဟာ သိပ်ကိုချစ်စရာကောင်းတဲ့ကောင်လေးပါပဲ။အသားအရေကလည်း နှင်းပွင့်တွေလိုဖြူဆွတ်ဆွတ်ကလေး။သို့ပေမဲ့ အရပ်ကတော့ သိပ်မရှည်။ခန္ဓာကိုယ်ကတော့ ငယ်ငယ်တုန်းကအတိုင်း လုံးလုံးပြည့်ပြည့်လေးပဲဖြစ်နေဆဲပဲ။ ဆယ်တန်းကျောင်းသားဆိုပေမဲ့ ၇တန်းလောက်သာရှိသေးသည်ဟု ထင်ရသည်။

သူ အသည်းယားလာသဖြင့် ဖောင်းကစ်နေတဲ့ပါးလေးတစ်ဖက်ကို လက်ဖြင့်ခပ်ဖွဖွဆွဲလိုက်မိ၏။

" ပေါက်စီလုံးလေး အဟင်း "

အိအိတုန်တုန်ပါးဖောင်းလေးရဲ့နူးညံ့မှုက သူ့နှလုံးသားအထိတိုင် ပျော်ဝင်လာလျက်။
အတောမသတ်နိုင်သည့်ခံစားမှုကြောင့် သူ ထိုပါးလေးတွေဆီမှ လက်ကိုမရုတ်နိုင်သေးပေ။

" မင်းက တကယ့်ကိုချစ်မွှေးတုံးလေးပဲ သားသားရာ ။ အရမ်းအသည်းယားစရာကောင်းတယ် "

သူစကားပြောနေတုန်းမှာပဲ တဖျတ်ဖျတ်လှုပ်ခတ်လာသည့်မျက်တောင်ရှည်တွေ​ကြောင့် အလန့်တကြားဖြင့် လက်တွေကိုပြန်ရုတ်သိမ်းပစ်လိုက်ရသည်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now