ep-3 (Unicode)

18.2K 1.5K 7
                                    

ep-3

ဦးဘုန်းခကိုယ်တိုင်ဒီဇိုင်းဆွဲဲပြီး ဆောက်လုပ်ခဲ့သော အပြာနုရောင်တစ်ထပ်တိုက်အသေးလေးသည် အညိုရောင်တစ်ထပ်တိုက်ကြီး၏ ထောင့်ကျကျခပ်လှမ်းလှမ်းနေရာတွင် တည်ရှိသည်။နောက်မှရောက်ရှိလာသောကလေးလေးအတွက် အခန်းထပ်တိုးဖို့ရာ အဆင်မပြေသည်မို့ ခြံကျယ်ကြီးမှာပဲ အသစ်သေးသေးတစ်လုံးထပ်ဆောက်လိုက်ခြင်းသာပင်။ရည်ရွယ်ထားတာတော့ ဘယ်သူနေနေ ဆိုပေမယ့် အဖြစ်နိုင်ဆုံးကတော့ အနေအေးတဲ့သားနွေပဲ ဖြစ်လိမ့်မည်။သားငယ်ကတော့ ငယ်သေးလို့ တစ်ယောက်တည်းနေခိုင်းလို့မဖြစ်။

" ဘာတွေ တွေးနေတာလဲ အစ်ကို "

အသစ်အိမ်ကလေးကိုငေးနေသည့် သူ့အနား ဇနီးသည်ကရောက်လာပြီး မေးလာသည်။

" ကိုယ်တွေးနေတာ ဒီအိမ်လေးကို သားနွေသဘောကျပါ့မလားလို့ "

" နှင်းကတော့ သားသဘောကျမယ်လို့ထင်တာပဲ ။ ဒီနေရာလေးက တိတ်ပြီးအေးချမ်းတယ်လေ ။ သားကလည်း အေးအေးဆေးဆေးနေတတ်သူဆိုတော့...အဆင်ပြေမှာပါ "

" ကိုယ်ဒီလိုလုပ်လိုက်တာ သူတို့စိတ်ခုသွားမလားမသိဘူး "

စိုးရိမ်လွန်ကဲနေသောခင်ပွန်းသည်ကိုကြည့်ပြီး သူမခေါင်းယမ်းပြကာ

" သူတို့ အဲ့လိုဖြစ်မှာမဟုတ်ဘူး ။ သားနဲ့သမီးက အစ်ကို့ကိုချစ်ပြီးလေးစားကြတဲ့သူတွေဖြစ်လို့ အစ်ကို့အပေါ် နည်းနည်းလေးတောင် စိတ်ခုကြမှာမဟုတ်ဘူး ။ အခုလိုလုပ်ရတာကလည်း မလုပ်မဖြစ်မို့ဆိုတာ သူတို့သိနေတာပဲ "

မှန်သည်။သူတို့အခုနေတဲ့တစ်ထပ်တိုက်လေးက အခန်းထပ်တိုးလို့မရတဲ့ ဒီဇိုင်းပုံစံဖြစ်နေသည်မို့ အခုလိုလုပ်ရုံသာရှိသည်။

" တကယ်လို့ သားကမနေချင်ဘူးဆိုရင်လည်း သားငယ်ကို နှင်းတို့နဲ့အတူအိပ်ခိုင်းမယ် ။ သားငယ်အရွယ်ရောက်လာရင်တော့ ဒီနေရာလေးကိုပေးတာပေါ့ "

" အင်း ကိုယ်လည်း အဲ့လိုစဥ်းစားမိတယ် ။ တကယ်လို့များဆိုရင်ပေါ့ "

" အခု အဲ့တာတွေနောက်ထားလိုက်ဦး ။ အစ်ကိုက ထမင်းစားဖို့ သူတို့လေးတွေကိုသွားခေါ်လိုက် ။ နှင်း ထမင်းဝိုင်းပြင်လိုက်ဦးမယ်"

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now