ep-6 (Unicode)

14.9K 1.3K 11
                                    

ep-6

" ကိုကို အသီးပါလား "

ခြံဝမှာပင် ထွက်စောင့်နေသောအကောင်ပေါက်စနကြောင့် သူစိတ်ပူသွားပြီး စက်ဘီးပေါ်မှအမြန်ဆင်းကာ သွားစွယ်သေးသေးလေးတွေနဲ့ပြုံးနေသူအနား အမြန်ရောက်သွားမိသည်။

" နေကောင်းမပျောက်သေးဘဲနဲ့ ဘာလို့အပြင်ထွက်နေပြန်တာလဲကွာ ။ ကျစ်! လေစိမ်းတွေမိတော့မှာပဲ "

စက်ဘီးလက်ကိုင်ကို လက်တစ်ဖက်ဖြင့်ထိန်းကိုင်ရင်း သေးသေးကွေးကွေးဖြူလုံးလေးကို ဆတ်ခနဲကောက်ပွေ့လိုက်သည်။ပေါ့ပါးသွားသောခန္ဓာကိုယ်လေးကြောင့် ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်မိရင်း။

" ဟီး...ကိုကိုအသီးဝယ်ခဲ့မယ်ဆိုလို့ သားသားမျှော်နေတာ ။ ပါလားဟင် "

စက်ဘီးရှေ့ခြင်းထဲကို လှမ်းလှမ်းကြည့်ပြီးမေးနေသောအကောင်ပေါက်စနလေးကြောင့် သူပြုံးလိုက်သည်။

" ဟာ..ကိုကိုမေ့သွားလို့ "

မုသားတစ်ခုကို ခပ်နောက်နောက်ဆိုပြီး အကောင်ပေါက်စန၏မျက်နှာဖောင်းဖောင်းလးကို အကဲခတ်လိုက်သည်။
အောက်ငုံ့သွားသည့်ခေါင်းလုံးလုံးလေးကြောင့် ဝမ်းနည်းသွားမှန်းရိပ်မိလိုက်သည်။သို့ပေမဲ့ ပြန်မော့လာပြီး

" မနက်ဖြန်ကျရင် ဝယ်ခဲ့နော် ကိုကို "

ငိုသွားလိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ မငိုတဲ့အပြင် ရယ်တောင်ရယ်ပြနေသည့်သားသားကြောင့် သူ့မှာအံ့ဩဆွံ့အလျက်။

" သားသားကို အောက်ချပေး ။ မေကြီးဆီသွားမလို့ "

အိမ်ရှေ့ရောက်သည်နှင့် သူ့ကိုယ်ပေါ်မှတွန့်လိမ်ကာ အောက်ကိုဆင်းဖို့တာဆူနေသည့်ကလေးငယ်က မျက်နှာလေးတော့သိပ်မကောင်း။

ဘာလဲ??
သားသားက ဝမ်းနည်းနေတာတောင် သူစိတ်ဆိုးသွားမှာကြောက်လို့ အခုလိုတွေလုပ်နေတာလား??

သူချပေးလိုက်သည်နှင့် အိမ်ထဲကိုပြေးသွားသည်က ဘောလုံးလေးတစ်လုံးလို လိမ့်ခနဲလိမ့်ခနဲ။
သူလည်း စက်ဘီးကို ကားဂိုဒေါင်မှာသွင်းပြီး လွယ်အိတ်ထဲမှ ဝါဝါဝင်းဝင်းအလုံးကြီးကိုထုတ်ကာ အိမ်ဘက်ဆီသို့အပြေးအလွှာလာခဲ့လိုက်သည်။
မျက်နှာထက်တွင်လည်း အပြုံးလေးတွေပွင့်လန်းလို့သာ။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Donde viven las historias. Descúbrelo ahora