ep - 53 ( Unicode )

8.9K 609 9
                                    

Ep - 53

ပူတင်းလုံးက ၉ လထဲရောက်တာနှင့် လေးဖက်ထောက်ကလေးသွားတတ်နေပြီဖြစ်သည်။ လေးဖက်ထောက်သွားတတ်ရုံရှိသေး တစ်အိမ်လုံးပတ်မွှေလို့ ဘယ်သူမှလည်းမနိုင်ပေ။ မနက်ဆိုလည်း ကိုကို့ရင်ဘတ်ပေါ် သားအဖနှစ်ယောက်နေရာလုရသေး၏။ တစ်ခါတလေ သားသားနိုးတာနှင့် အဲ့ဒီပူတင်းလုံးက သူ့ဖေကြီးဗိုက်ပေါ်ကာရားကြီးမှောက်အိပ်နေတတ်သည်ကိုတွေ့ရသည်။ လူကတစ်နှစ်မပြည့်သေးဘူး အရမ်းလည်လွန်းသည်ကခက်သည်။

ဒီနေ့က အလုပ်နားရပ်မို့ ကိုကိုကအခုထိမထသေး။ ထို့အတူ ကိုကို့အပေါ်ကားရားလေးမှောက်ပြီးအိပ်နေသည့်အကောင်ပေါက်ကလည်း အခုထိကိုမနိုးသေး။ ပါးစပ်ကလေးကလည်း သွားရည်လေးတွေစီးကျပြီးအိပ်နေတာများ အသည်းယားစရာ။

အဝတ်ဝတ်ရမှာကြောက်သည့်ပူတင်းလုံး၏ကိုယ်ခန္ဓာလေးတွင်တော့ ညကသူအတင်းဝတ်ပေးထားသည့် လိမ္မော်ရောင်စွပ်ကျယ်အတိုလေးသာကပ်သည်။ ဘောင်းဘီဝတ်မထားသည်မို့ ဝင်းအိပြောင်တင်းနေသည့်ဖင်လုံးလုံးလေးတွေက မို့မောက်ကာနေ၏။ ထိုဖင်လုံးဝင်းဝင်းလေးတွေကို အသည်းယားစွာလှမ်းညှစ်မိတော့ အိအဲ့နဲ့ သူ့ဖေကြီးဗိုက်ပေါ်လှုပ်ရွနေလေ၏။

" ဟွင့် နှစ်ယောက်လုံးအိပ်ပုတ်ကြီးနေကြတယ်။ "

သားသား မျက်နှာကိုမဲ့ပြီး ကိုကို့ဗိုက်ပေါ်ကအကောင်ငယ်ကို လှမ်းဆွဲယူတော့ ပျော့ခွေစွာပါလာတဲ့ ကိုယ်လုံးတုတ်တုတ်ခဲခဲလေးက ပျင်းရိလေးတွဲစွာ။

" အင့် အဲ့မှာပဲခဏအိပ်ဦးပူတူးစုတ်။ ပါးပါးနဲ့နေရာခဏလဲ။ ဟုတ်ပြီလား။"

ထိုပူတင်းလုံးကို ဘေးဘက်အိပ်ရာပေါ်မှာနေရာချထားပြီး သူက ကိုကို့ရင်ဘတ်ပေါ်မှောက်အိပ်နေလိုက်သည်။ အလေးချိန်က မတူညီတာကြောင့် သူမှောက်အိပ်ရုံရှိသေးတယ်။ ကိုကိုကမျက်လုံးဖွင့်ပြီး ခေါင်းထာင်ကြည့်လာသည်။ ထို့နောက် မျက်မှောင်ကျုံ့ကာ ဘေးအိပ်ရာကိုလှမ်းကြည့်သည်။

" ဟား တကယ့်အဆိုးလေးတွေပါလား? "

ဘေးနားကအိပ်ရာပေါ်တွင် ပူတင်းလုံးက ပက်လက်ကလေးကိုမှ ခြေထောက်ကလေးထောင်ပြီး လက်မလေးကိုတပြွတ်ပြွတ်စို့ရင်း ငြိမ်နေသည်။ မျက်လုံးတွေကမှေးစင်းဆဲမို့ နိုးလာသေးတာတော့မဟုတ်။ ဖြစ်နိုင်တာက ဒီပူတူးလေး ဇိမ်ယူနေတာပဲ။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now