ep-8 ( Unicode )

13.9K 1.3K 4
                                    

ep-8

သင်္ကြန်နောက်ဆုံးရက်အတက်နေ့မှာတော့ မဏ္ဍပ်သွားဖို့အတွက် လူစုကြရင်း သားသားပါကားပေါ်ပါလာခဲ့သည်။

" ဟိတ် ကလေးလေး "

အသားဖြူဖြူကောင်လေး၏ခေါ်သံကြောင့် ပါးကွက်ဝိုင်းကြီးတွေနဲ့မျက်နှာဖောင်းဖောင်းလေးက ယောင်တိယောင်နလှည့်လို့လာသည်။

" မင်းနာမည် ဘယ်လိုခေါ်လဲ "

ထပ်ပြီးမေးပေမယ့် အူကြောင်ကြောင်လေးပြူးကြည့်နေသည်မို့ တစ်ဖက်ကအသည်းယားသွားဟန်ဖြင့် သူ့အောက်နှုတ်ခမ်းသူပြန်ကိုက်လျက်ပြုံးလို့နေလေသည်။

သူ ထိုကောင်လေးကို ခပ်စူးစူးလေးကြည့်ပေးလိုက်မှ ရှက်ကို့ရှက်ကန်းမျက်နှာနှင့် တစ်ဖက်သို့ပြန်လှည့်သွားလေသည်။

" သားသား ဒီဘက်လှည့် "

" ဘုန်းခရာ ဝေလွင်က ကလေးကိုချစ်လို့စကားပြောတာပါဟ "

" ဆောရီး မင်းမင်း ။ ငါ အခုလို့သူစိမ်းတွေပါရင် ငါလိုက်ခဲ့မှာမဟုတ်ဘူး "

" ဟ့ ။ ဝေလွင်ကသူစိမ်းမဟုတ်ပါဘူးကွ ။ ငါ့အိမ်တောင်ဘက်ကပါ ။ သူနဲ့ငါက အကြောင်းသိတွေ ။ ပြီးတော့ သူကကလေးချစ်တတ်တဲ့သူ "

အူလည်လည်ဖြင့်မော့ကြည့်နေသည့်သားသားအား သူ့ရှေ့ကိုဆွဲခေါ်ထားပြီး မင်းမင်းထွန်းနှင့်စကားအခြေအတင်ဖြစ်နေမိသည်။

" မင်းတို့အဆင်မပြေရင် ဒီမှာတင်ငါတို့ဆင်းနေခဲ့လိုက်မယ် "

" နွေဘုန်းခ! မင်းစကားက.."

" တော်ပါတော့ကွာ မင်းတို့ကလည်း ။ မင်းမင်း မင်းလည်းစိတ်လျှော့ ။ ဘုန်းခအကြောင်း မင်းမသိတာလည်းမဟုတ်ဘူး "

" မဟုတ်ဘူး ခိုင်မျိုးရ ။ ဒီကောင် တော်တော်လေးလွန်နေပြီ ။ ဝေလွင်က ကလေးကိုချစ်လို့စတဲ့ဟာကို "

" အေး အေးပါကွာ ။ ဘုန်းခလည်း တော်တော့ ။ ကလေးကချစ်စရာကောင်းလို့ သူကစနေတာပါကွာ ။ မင်းကလည်း သိပ်တွန့်တိုတာပဲ "

သူ့အကြောင်းကိုသိနေသူမို့ ခိုင်မျိုးကလည်းဆက်မပြောတော့ချေ။အရင်တစ်ခါက သူ့ပေတံကို မမေးမမြန်းဘဲယူကိုင်မိလို့ စိတ်တိုပြီး ထိုပေတံကို သူကိုယ်တိုင်ချိုးပစ်ခဲ့ဖူးသည်။တစ်တန်းထဲအတူထိုင်ကြသူတွေဖြစ်တာတောင် အခုလိုလုပ်ခြင်းကြောင့် ကျောင်းသားအများစု၏ဝေဖန်ကဲ့ရဲ့ခြင်းကိုလည်း သူတော်တော်လေးခံခဲ့ရသည်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) حيث تعيش القصص. اكتشف الآن