ep - 27 ( Unicode )

12.4K 915 20
                                    

Ep - 27

" ဖုန်းခလေး နေမကောင်းဘူးလား? "

" ဗျာ ။ သား ကောင်းပါတယ်မေကြီး "

" ကောင်းတယ်သာ​ပြောတာ ။ တစ်မနက်လုံး ဟိုမှိုင် ဒီမှိုင်နဲ့ကွယ်။ ဘာတွေများ ဖြစ်လို့လဲကလေးရဲ့။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောနော်။ မေကြီးကို မ​ကြောက်နဲ့ "

ဘုရားပန်းကူလဲပေးနေသည့်သူ့အား မေကြီးက တကြည့်ကြည့်ဖြင့်မေးလာသည်ကြောင့် သူမျက်နှာလေးလွှဲပြီး ဖြေနေရသည်။တကယ်တော့ ညကအကြောင်းအရာကိုပြန်စဥ်းစားမိပြီး ကိုကို့ကိုအားနာနေခြင်းဖြစ်သည်။မနက်ကလည်း ကိုကိုတို့နှင့်အတူ ထမင်းမစားဖြစ်ခဲ့။ကိုကို ကုမ္ပဏီသွားချိန်လောက်မှသာ သူအိပ်ရာနိုးသည်မို့ အရင်လိုအနမ်းဖွဖွလေးတောင် မပေးလိုက်ရ။ထို့ကြောင့် ကိုကိုစိတ်ခုသွားမလားလည်း စိုးရိမ်သည်။ညကကြောင့်လို့လည်း ထင်သွားမှာကြောက်သည်။သို့သော် ဘယ်လိုပြောရမှန်းလည်းမသိ။

" အာ့..."

အတွေးလွန်နေသဖြင့် ကိုင်ထားသည့်နှင်းဆီကိုင်းမှ ဆူးက သူ့ရဲ့လက်ညှိုးထိပ်လေးကို အနည်းငယ်ဖြဲရှသွားခဲ့သည်။သိပ်မကြီးပေမဲ့လည်း သွေးတွေဖြာထွက်လာသည်ကြောင့် အရိပ်တကြည့်ကြည့်ဖြစ်နေသည့်မေကြီးက သူ့အနားကိုအပြေးရောက်လာတော့သည်။

" ပြစမ်းသားသား ။ ဟယ် သွေးတွေတအားထွက်နေတာပဲ။
။ တော်ပြီ တော်ပြီ ။ အဲ့​ဒီပန်းတွေ ဆက်မကိုင်နဲ့တော့။လာ မေကြီးဆေးထည့်ပေးမယ်။ "

မေကြီးရော သူရော ဧည့်ခန်းထဲရောက်လာကြသည်။ထို့နောက် သူ့ကို ခုံမှာထိုင်စေခဲ့ပြီး မေကြီးကဆေးပုံးသွားယူသည်။သူကတော့ သွေးထွက်နေသည့်ဒဏ်ရာကိုသာငေးစိုက်ကြည့်ရင်း တွေးနေမိဆဲ။

ကိုကို့အလုပ်ထိ သူလိုက်သွားရင်ရော....
ကိုကို သူ့ကြောင့်စိတ်ညစ်သွားမလား??
မဖြစ်နိုင်လောက်ပါဘူး။ ကိုကိုက သူ့ကိုအရမ်းအလိုလိုက်တဲ့သူလေ။အနှောက်အယှက်လို့တော့ ထင်မှာမဟုတ်ပါဘူး။ဒါပေမဲ့ သူမသွားရဲဘူး။ညကအကြောင်းကြောင့် ရှက်တာရော ၊ အလုပ်ပေါ်အထိပါ လိုက်လာပြီးဒုက္ခပေးတယ်လို့ ကိုကိုယူဆသွားမှာကိုရော။
သူ တကယ်မလိုလားတာမို့။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now