ep - 52 ( Unicode )

9.2K 617 12
                                    

Ep - 52

" ခစ်ခစ်..ခစ်ခစ် "

ဖြူလွှသောအိပ်ရာပေါ်တွင် ပက်လက်ကလေးဖြစ်နေသည့်ပူတင်းလုံးက ခြေကားရားလက်ကားရားဖြင့် ​မြှူနေသည့်နွေဘုန်းခကို တခစ်ခစ်ရယ်ပြလို့နေသည်။

" ခစ်ခစ်..."

နွေဘုန်းခသည်လည်း မျက်လုံးပြူးပြလိုက် ၊ လျှာထုတ်ပြောင်ပြလိုက်ဖြင့် သူ့ကလေးကိုချော့မြှူလျက်ရှိသည်မို့ အခန်းထဲတွင် ရယ်သံများဖြင့်ဆူညံလို့နေလေသည်။

လသားလေးသာရှိသေးသည့်ပူတင်းလုံးသည် မဆွေဇင်ဖြိုးဆီမှလည်းမိခင်နို့ရည်သောက်ရသည့်အပြင် နို့မှုန့်ကိုလည်းအရန်မှီခိုရသည်ကြောင့် လူလေးကလုံးလုံးကစ်ကစ်ကြီးဖြင့်ထွားလှ၏။ သူ့ထက်တစ်လကြီးသော သူနှင့်နို့စို့ဖက်ဖြစ်သည့် ညိုလုံးလေးကတောင် သူ့လောက်ခန္ဓာကိုယ်မဖွံ့ဖြိုးသေး။

" တူ...ဝါး..."

နွေဘုန်းခက မျက်နှာကိုလက်နှင့်အုပ်ကာ တူဝါးလုပ်တော့ မျက်လုံးတောက်တောက်လေးများဖြင့် သူ့လက်တိုတိုလေးတွေ ၊ ခြေတုတ်တုတ်လေးတွေကို လှုပ်ကာရယ်သည်။ ရယ်လိုက်တိုင်း သွားဖုံးနီတာရဲလေးတွေပေါ်လာသည်က အသည်းယားစရာကောင်းလှ၏။ မို့လုံးတက်နေသည့်ပါးအိအိကြီးတွေကလည်း တခစ်ခစ်ရယ်လိုက်သည်နှင့် ပိုပိုပြီးတလှုပ်လှုပ်ဖြစ်သွားတတ်သေး၏။

ထိုကဲ့သို့ ချစ်စရာကောင်းသောပူတင်းလုံးလေးသည် အစားလည်းကြီးပါသေး၏။

" ကိုကို့ ရေချိုးတော့လေ။ "

" အိုကေ အိုကေ ။ ၅ မိနစ်လောက်ပဲ။ "

လက်၅ ချောင်းကို နောက်ပြန်ထောင်ပြပြီး ပေါင်ဒါနံ့လေးမွှေးနေသည့်ပူတင်းလုံးလေး၏ပါးဖောင်းကစ်ကစ်ကြီးတွေကို ကုန်းပြီးနမ်းရှိုက်လိုက်သည့်နွေဘုန်းခ။ နို့ဘူးဖျော်နေသည့်ဖုန်းခကတော့ မလွယ်ဘူးဆိုတဲ့အပြုံးဖြင့် ခေါင်းယမ်းကာ အိပ်ရာပေါ်ကသားအဖကိုငေးကြည့်နေသည်။

" ကိုကိုရေ ၁၀ မိနစ်တောင်ရှိနေပြီနော်။ "

နောက်တစ်ခေါက်သတိပေးလိုက်တော့မှ ကလေးအနားကခွာတော့သည့်ကိုကိုက သူ့ကိုစူပုတ်ပုတ်ဖြင့်လှမ်းကြည့်လာသေးတာ။
ပြီးတော့ အနားကိုလျှောက်လာပြီး လူတစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲဆွဲသွင်းကာ မျက်နှာတွေကိုနမ်းရှိုက်လာသည်။

 ကိုကို့အား အပိုင်သိမ်းမည့် ( M- preg )(Completed) Where stories live. Discover now